Connect with us

China

ယူကရိန်းအရေးအပေါ် အမေရိကန် တာဝန်ရှိသူ၏ မှတ်ချက်ကို တရုတ်နိုင်ငံ ပယ်ချ

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံရှိ အခြေအနေမှ မှန်ကန်သောသင်ခန်းစာကို လေ့လာသင့်ကြောင်း အမေရိကန်နိုင်ငံ တာဝန်ရှိသူတစ်ဦး၏ မှတ်ချက်များကို တရုတ်နိုင်ငံက ဧပြီ ၂၂ ရက်၌ ပယ်ချလိုက်ကြောင်း သိရသည်။

“ယူကရိန်းအရေးမှာ တရုတ်ရဲ့ ရပ်တည်ချက်က ဥပဒေနှင့်အညီ သမာသမတ်ရှိ၍ တရားမျှတသော အပြစ်အနာအဆာကင်းပါတယ်။ အခြားတစ်ဖက်က ပြန်ပြောရရင်တော့ အမေရိကန်နိုင်ငံကသာ ဆက်စပ်တဲ့ ကိစ္စရပ်တွေမှာ အားနည်းတဲ့လမ်းကြောင်းမှတ်တမ်းတွေ ရှိနေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံဘက်အနေနဲ့ မှန်ကိုပြန်ကြည့်ပြီး အခြားသူများကို လက်ညှိုးမထိုးခင် ကိုယ့်ပြည်တွင်းရေးကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်စီမံဖို့ ကျွန်တော်တို့ အကြံပေးချင်တယ်” ဟု ကျောက်က ဆိုသည်။

အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်က အက်ကြောင်းထပ်နေသောစကားလုံးများဖြင့် တရုတ်နိုင်ငံအား သိက္ခာကျစေရန်နှင့် အိုးမည်းသုတ်ရန် လမ်းဟောင်းကြီးအတိုင်း မှတ်ချက်ပြုခြင်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအား ကူညီပံ့ပိုးသူနှင့် နိုင်ငံတကာဥပဒေကို ကာကွယ်သူ ဖြစ်သည်မှာ အချက်အလက်များက သက်သေပြလျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)

……………………………………….
(English Version)
China refutes U.S. official’s remarks on Ukraine issue
Source: XinhuaEditor: huaxia2022-04-22 23:49:17

BEIJING, April 22 (Xinhua) — China on Friday refuted a U.S. official’s remarks that China should learn the right lessons from the situation in Ukraine, including that it can’t separate the United States from its allies.

“China’s position on the Ukraine issue is aboveboard, just, objective and beyond reproach. On the contrary, it is the U.S. side that has a poor track record on relevant issues,” Foreign Ministry spokesperson Zhao Lijian said at a press briefing.

“We advise the U.S. side to look in the mirror and properly manage its own affairs before pointing fingers at others,” Zhao said.

He said the remarks made by U.S. Deputy Secretary of State Wendy Sherman are entirely cliches and an old trick to smear and slander China.

Facts have proven that China is a builder of world peace, a contributor to global development, and a defender of international order, he said. ■