Connect with us

Europe

ယူကရိန်းက မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးအာမခံချက် ဆွေးနွေးမှုများ သီတင်းပတ်အတွင်း ပြီးစီးမည်ဟု ပြောကြား

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မတ် ၂၉ ရက်က ပြုလုပ်ခဲ့သော ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပထမအကြိမ် မျက်နှာချင်းဆိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးအာမခံချက်များဆိုင်ရာ ဆွေးနွေးမှုများ သီတင်းပတ်တစ်ပတ်အတွင်း ပြီးစီးမည်ဟု ယူကရိန်း သမ္မတ အကြံပေး Mykhailo Podolyak က ဧပြီ ၂၂ ရက်က ပြောကြားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“လက်နက်တွေထောက်ပံ့တာ၊ ဝေဟင်ကိုပိတ်ထားတာ၊ စစ်ရေးဆွေးနွေးအကြံပေးမှုတေွနဲ့ ထပ်တိုးလက်နက်တွေ အလျင်အမြန်ဝယ်ယူပေးဖို့ ရည်ရွယ်ထားတာတွေဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒီကိစ္စတွေဟာ တစ်ပတ်အတွင်းမှာပဲ ပြီးစီးနိုင်မယ်လို့ ကျွန်တော်ထင်တယ်” ဟု Podolyak က ပြောခဲ့သည်။

ယူကေ၊ အမေရိကန်၊ အီတလီနှင့် တူရကီ နိုင်ငံတို့သည် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ စနစ်တစ်ခုဖန်တီးရာတွင် ပါဝင်ရန် ဆန္ဒရှိသည်ကို ပြသခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဧပြီ ၁၆ ရက်က ပြောခဲ့သည်။

ထို့ပြင် ပိုလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် အစ္စရေး စသည့်နိုင်ငံများမှ ခေါင်းဆောင်များ၏ အကြံပေးများကလည်း ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်များ စာရင်းကို ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းက ဆိုသည်။

အာမခံနိုင်ငံများအနေဖြင့် တိုက်ခိုက်မှုအတွက် စစ်ရေးအကူအညီနှင့်အတူ ယူကရိန်းအား ပံ့ပိုးကူညီရေးတာဝန်ဝတ္တရားများကို ထိန်းသိမ်းမည့် လုံခြုံရေးအာမခံချက်များဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်အသစ်ကို လက်မှတ်ရေးထိုးရန် ယခင်လက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ကိဗ်က အဆိုပြုခဲ့သည်။ (Xinhua)

…………………………………..
(English Version)

Ukraine says talks on security guarantees with partner countries to complete within week
Source: Xinhua| 2022-04-23 05:52:00|Editor: huaxia
KIEV, April 22 (Xinhua) — Ukrainian Presidential Advisor Mykhailo Podolyak said on Friday that Kiev will complete the talks on security guarantees with partner countries within a week, the Interfax-Ukraine news agency reported.
“Weapons supplies, closure of the sky, military consultations and means for the rapid purchase of additional weapons are important for us. I think that these issues can be completed within a week,” Podolyak said.
On April 16, Ukrainian President Volodymyr Zelensky said that the United Kingdom, the United States, Italy and Turkey showed their willingness to join the creation of a system of security guarantees for Ukraine.
The advisors to the leaders of Poland, Germany, France and Israel reportedly have expressed readiness to discuss a list of security guarantees for Ukraine, the report said.
At the peace talks with Russia in Istanbul, Turkey last month, Kiev proposed to sign a new international treaty on security guarantees, which enshrines obligations for the guarantor countries to provide Ukraine with military assistance in the event of an attack. ■
Photo : A fresh round of face-to-face peace talks between Russia and Ukraine is held in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. Before the meeting, Turkish President Recep Tayyip Erdogan said the time had come for talks to yield concrete results. The Turkish leader called for an immediate ceasefire and said a prolonged conflict is not in anyone’s interest. (Xinhua)