Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ ကင်မရွန်းနိုင်ငံ Mbalmayo မြို့သို့သွားရောက် အကူအညီပေးသည့် ဆေးဘက်ဆိုင်ရာအဖွဲ့က အခမဲ့ ဆေးကုသပေး

ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသ Mbalmayo မြို့၊ Ngat-Bane ကျေးရွာ ကျန်းမာရေးစင်တာတွင် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောင်ဒေး ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ (ဆန်းရှီး) မှ ကင်မရွန်းနိုင်ငံ Mbalmayo မြို့သို့သွားရောက် အကူအညီပေးသည့် ၂၂ သုတ်မြောက် ဆေးဘက်ဆိုင်ရာအဖွဲ့က ဒေသခံရွာသားများအား “နွေးထွေးမှုနှင့် ကျန်းမာမှု ဆောင်ကြဉ်းပေးနိုင်ရေးအတွက်” အခမဲ့ဆေးကုသမှုများကို သြဂုတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသ Mbalmayo မြို့၊ Ngat-Bane ကျေးရွာ ကျန်းမာရေးစင်တာတွင် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသ Mbalmayo မြို့၊ Ngat-Bane ကျေးရွာ ကျန်းမာရေးစင်တာတွင် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသ Mbalmayo မြို့၊ Ngat-Bane ကျေးရွာ ကျန်းမာရေးစင်တာတွင် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အခမဲ့ဆေးကုသပေးမှုကို ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသ Mbalmayo မြို့၊ Ngat-Bane ကျေးရွာ ကျန်းမာရေးစင်တာတွင် ပြုလုပ်ခဲ့ကြောင်းနှင့် အခမဲ့ဆေးကုသပေးခဲ့သည့် ၃ နာရီခန့်အချိန်အတွင်း ဆရာဝန် ၁၂ ဦးက ရွာသူ/ရွာသားပေါင်း တစ်ရာကျော်အတွက် ကျန်းမာရေးဆိုင်ရာမေးမြန်းစစ်ဆေးမှုများ၊ အာထရာဆောင်း စစ်ဆေးမှုများ၊ ခံတွင်းစစ်ဆေးမှု၊ နား၊ နှာခေါင်း၊ လည်ချောင်း စစ်ဆေးမှုများ၊ အပ်စိုက်ကုသခြင်း နှင့် အကြောနှိပ်ခြင်း ဝန်ဆောင်မှုများပေးခဲ့သည့်အပြင် ဆေးဘက်ဆိုင်ရာအဖွဲ့က ဆေးဝါး၊ ဆေးကုသမှု ကိရိယာများနှင့် ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
中国援喀麦隆姆巴尔马约医疗分队举行义诊
新华社雅温得8月20日电(记者罗毓)中国(山西)第22批援喀麦隆姆巴尔马约医疗分队20日举行义诊活动,为当地村民“送温暖、送健康”。
义诊活动在喀麦隆中部大区姆巴尔马约市恩加巴村卫生所进行。在约3小时的义诊中,12名大夫为逾百名村民提供健康咨询、超声检查、口腔科检查、耳鼻喉科检查和针灸推拿等服务,医疗队还捐赠药品、医疗器械和防疫物资。
8月20日,在喀麦隆中部大区姆巴尔马约市恩加巴村,村民在义诊分诊台咨询。 新华社发(科普索摄)