Connect with us

Europe

စတင်ဖွင့်လှစ်ချိန်မှစ၍ တော်ဝင်မာမီရုပ်တုများရှိရာ အီဂျစ်ပြတိုက်သို့ ဧည့်သည် ၁ သန်းနီးပါး ဝင်ရောက်ခဲ့

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ၂၀၂၁ ခုနှစ် ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ဖာရိုရွှေရောင်ချီတက်ပွဲအခမ်းအနားအတွင်း ရှေးခေတ်အီဂျစ်လူ့အဖွဲ့ အစည်းပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ ရှေးခေတ်အီဂျစ်လူ့အဖွဲ့ အစည်းယဉ်ကျေးမှုဆိုင်ရာ အမျိုးသားပြတိုက်(NMEC)သည် လွန်ခဲ့သော တစ်နှစ်က စတင်ဖွင့်လှစ်ချိန်မှစ၍ လာရောက်ကြည့်ရှုလေ့လာသူ တစ်သန်း နီးပါဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ယင်းပြတိုက်၏ စီမံခန့်ခွဲရေးအမှုဆောင်ညွှန်ကြားရေးမှူး Ahmed Ghoneim ၏ ပြောကြားချက်အရ သိရသည်။ယင်းကာလအတွင်း ပြတိုက်သို့ လာရောက်လေ့လာခဲ့ကြသော ဧည့်သည်တော် ၉၇၀,၀၀၀ ဦးအနက် ၄၀ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြကြောင်း ဆင်ဟွာသတင်းဌာနနှင့် သောကြာနေ့တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ညွှန်ကြားရေးမှူး Ghoneim က ဖြေကြားခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အီဂျစ်ရှေးခေတ်လူ့ယဉ်ကျေးမှု အမျိုးသားပြတိုက်(NMEC)သို့ လာရောက်လေ့လာသူများကို ၂၀၂၂ ခုနှစ် ဧပြီ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းပြတိုက်သည် ကိုင်ရိုမြို့ မြို့လယ်ခေါင်၌ တည်ရှိပြီး အဓိကပင်မဆောင်တစ်ခု ၊ တော်ဝင်မာမီရုပ်တုများခင်းကျင်းပြသရာအဆောင်တစ်ခု နှင့် အဝတ်အစား ချည်ထည်များခင်းကျင်းပြသရာ အဆောင်တစ်ခုတို့ပါဝင်သည်။

ပြတိုက်တည်ဆောက်မှုလုပ်ငန်းခွင်သည် ၂၀၁၇ ခုနှစ်တွင် အလုံးစုံပြီးမြောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၁ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ၂၀၂၁ ခုနှစ် ဧပြီ ၃ ရက်တွင် ကျင်းပသည့် ဖာရိုရွှေရောင်ချီတက်ပွဲအခမ်းအနားအတွင်း မာမီရုပ်အလောင်းများအား မော်တော်ယာဉ်များဖြင့် ဓလေ့ထုံစံအတိုင်း လွှဲပြောင်းသယ်ဆောင်စဉ်(ဆင်ဟွာ)

ပြတိုက်ဖွင့်လှစ်ရန် ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ပြီးနောက်တွင် အီဂျစ်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဧပြီ ၃ ရက်က ကိုင်ရိုမြို့ Tahrir ရင်ပြင်ရှိ အီဂျစ်ပြတိုက်မှ ရှေးဟောင်းအီဂျစ်တော်ဝင်မာမီရုပ်တု ၂၂ ခုအား အမျိုးသားပြတိုက်(NMEC) သို့ လွှဲပြောင်းပို့ဆောင်ခြင်း အခမ်းအနားတစ်ခုကို ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအတိုင်းကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အီဂျစ်ရှေးခေတ်လူ့ယဉ်ကျေးမှု အမျိုးသားပြတိုက်(NMEC)သို့ လာရောက်လေ့လာသူများကို ၂၀၂၂ ခုနှစ် ဧပြီ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ၏ အဓိကတိုင်းပြည်ဝင်ငွေရှာဖွေသော ရေသောက်မြစ်များအနက် ခရီးသွားလုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်သည်။သို့သော် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ပြန့်နှံ့ချိန်မှစ၍ အီဂျစ်ခရီးသွားလုပ်ငန်းသည် ကြီးမားစွာထိခိုက်ခံစားခဲ့ရသလို လက်ရှိဖြစ်ပွားလျက်ရှိသော ရုရှား နှင့် ယူကရိန်းအကြား ပဋိပက္ခကြောင့်လည်း သက်ရောက်မှုများစွာဖြစ်ပေါ်ခဲ့ရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အီဂျစ်နိုင်ငံသို့ဝင်ရောက်ခဲ့သော ကမ္ဘာ့လှည့်ခရီးသွားများအားလုံး၏ ၄၅ ရာခိုင်နှုန်းသည် ရုရှား နှင့် ယူကရိန်း ခရီးသွားများဖြစ်ကြကြောင်း ဧပြီ ၂၁ ရက်က ထုတ်ပြန်သော အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်း နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး Khaled al-Anany ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။(Xinhua)

#Egypt, #tour, #museum,#xinhua, #xinhuamyanmar, #
#အီဂျစ်,#ဧည့်သည်,#ပြတိုက်,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ

———————–
(English Version)

Egyptian museum housing royal mummies attracts nearly 1 mln visitors since debut

CAIRO, April 23 (Xinhua) — Nearly one million people have visited the National Museum of Egyptian Civilization (NMEC) since it was opened to the public a year ago, according to the museum’s managing executive director Ahmed Ghoneim.

About 40 percent of the 970,000 visitors were from foreign countries, Ghoneim told Xinhua in an interview on Friday.

The museum, which is located in downtown Cairo, houses a main hall, a royal mummies hall, and a textile hall. The construction of the museum was completed in 2017 and the museum was opened to the public on April 22, 2021.

To celebrate the long-awaited opening of the museum, Egypt held a grand parade of 22 ancient Egyptian royal mummies, transporting them from the Egyptian Museum in Cairo’s Tahrir Square to the NMEC.

Tourism is one of Egypt’s primary sources of revenue, but it has suffered greatly since the outbreak of COVID-19 in 2020 and the ongoing conflict between Russia and Ukraine.

Russian and Ukrainian tourists accounted for 45 percent of all foreign visitors to Egypt in November 2021, Egyptian Minister of Tourism and Antiquities Khaled al-Anany revealed on Thursday.

Photo (1) People in ancient Egyptian outfits perform during the Pharaohs’ Golden Parade in Cairo, Egypt, on April 3, 2021. (Xinhua/Ahmed Gomaa)

Photo (2/4) People visit the National Museum of Egyptian Civilization in Cairo, Egypt, on April 19, 2022. (Xinhua/Ahmed Gomaa)

Photo (3) Customized vehicles for transferring mummies leave the Egyptian Museum during the Pharaohs’ Golden Parade in Cairo, Egypt, on April 3, 2021. (Xinhua/Ahmed Gomaa)