Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက တက္ကဆက်စ်မူလတန်းစာသင်ကျောင်းအတွင်း ပစ်ခတ်မှုအား ထိတ်လန့်တုန်လှုပ်

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် မိန့်ခွန်းပြောကြားနေသည်ကို မတ် ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်အတွင်းရှိ မူလတန်းစာသင်ကျောင်းတစ်ခု၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ပစ်ခတ်မှုနှင့်ပတ်သက်၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကာ ဝမ်းနည်းရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
သေဆုံးသူအများစုမှာ ကလေးငယ်များ ဖြစ်သည့်အတွက် အထူးတလည် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကြေညာချက်တွင် ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်က သေဆုံးသွားသူများ၏ မိသားစုဝင်များ ၊ ချစ်ခင်သူများ နှင့် အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန်စိတ်ထိခိုက်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တက္ကဆက်စ်ပြည်နယ် Uvalde မြို့ရှိ မူလတန်းစာသင်ကျောင်းတစ်ခု၌ မေ ၂၄ ရက် မွန်းလွဲပိုင်းတွင် အသက် ၁၈ နှစ်ရွယ် အမျိုးသားတစ်ဦးက သေနတ်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၈ ဦး အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

#UN #Texas #AntonioGuterres #school #ကုလသမဂ္ဂ #တက္ကဆက်စ် #အန်တိုနီယိုဂူတာရက်စ် #စာသင်ကျောင်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

…………………………………………
(English Version)
UN chief shocked by mass shooting in Texas elementary school
UNITED NATIONS, May 24 (Xinhua) — UN Secretary-General Antonio Guterres was deeply shocked and saddened by the heinous mass shooting in an elementary school in Texas, the United States, said his spokesman on Tuesday.
It is particularly heart-wrenching that most of the victims are children, said Stephane Dujarric, the spokesman, in a statement.
The secretary-general extends his heartfelt condolences to the families and loved ones of the victims and to the entire community, said the statement.
An 18-year-old man opened fire at an elementary school in Uvalde, Texas, on Tuesday afternoon, killing 21 people, including 18 children. ■
Photo – UN Secretary-General Antonio Guterres addresses a commemorative meeting of the General Assembly at the UN headquarters in New York, on March 18, 2022. (Manuel Elias/UN Photo/Handout via Xinhua)