Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်း လွှတ်တင်

- တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်း သယ်ဆောင်ထားသော Long March-2C သယ်ဆောင်ရေးဒုံးပျံအား ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုနှစ်စင်းကို ဧပြီ ၂၉ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်း သယ်ဆောင်ထားသော Long March-2C သယ်ဆောင်ရေးဒုံးပျံအား ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်း သယ်ဆောင်ထားသော Long March-2C သယ်ဆောင်ရေးဒုံးပျံအား ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်း သယ်ဆောင်ထားသော Long March-2C သယ်ဆောင်ရေးဒုံးပျံအား ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်းကို ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၁၁ နာရီက Long March-2C သယ်ဆောင်ရေးဒုံးပျံနှင့်အတူ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုများသည် စစ်တမ်းကောက်ယူခြင်းနှင့် မြေပုံရေးဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအပြင် မြို့ပြလုံခြုံရေးနှင့် ကျေးလက် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် စက်မှုလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းသုံး အဝေးထိန်းအာရုံခံစနစ်ပါဝင်သည့် အချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ယင်းသို့ ဂြိုဟ်တုလွှတ်တင်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၄၁၇ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ (Xinhua)

………………………………….
(English Version)

China launches two new satellites
Source: XinhuaEditor: huaxia2022-04-29 13:02:58
JIUQUAN, April 29 (Xinhua) — China successfully sent two satellites into space from the Jiuquan Satellite Launch Center in northwest China on Friday.

The satellites, Siwei 01 and 02, were launched by a Long March-2C carrier rocket at 12:11 p.m. (Beijing Time) and have entered the planned orbit.

They will provide commercial remote sensing data services for industries including surveying and mapping, environmental protection, as well as urban security and digital rural development.

The launch marked the 417th flight mission of the Long March series carrier rockets. ■
Photo 1 – 4 : A Long March-2C carrier rocket carrying the satellites, Siwei 01 and 02, blasts off from the Jiuquan Satellite Launch Center in northwest China, April 29, 2022. The satellites were launched at 12:11 p.m. (Beijing Time) on Friday and have entered the planned orbit. (Photo by Wang Jiangbo/Xinhua)