Connect with us

Eastern Europe

အီကွေဒေါသမ္မတက ပြည်နယ် ၃ ခုတွင် အရေးပေါ်အခြေအနေကြေညာ

အီကွေဒေါနိုင်ငံ၊ ကီတို့မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အီကွေဒေါသမ္မတ Guillermo Lasso က ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းခြင်းအား လက်ခံဖြေကြားခဲ့စဉ် (ဓာတ်ပုံ-- Ecuadorian presidential palace/Handout via Xinhua)

ကွီတို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ သမ္မတ Guillermo Lassoက ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် Guayasပြည်နယ်၊ Esmeraldas ပြည်နယ်နှင့် Manabi ပြည်နယ်တို့တွင် မူးယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုနှင့် ဆက်နွယ်နေသော ဆိုးသွမ်းမှုနှင့် ပြစ်မှုကျူးလွန်မှုကြောင့် ဧပြီ ၂၉ ရက်မှ စ၍ ရက်ပေါင်း ၆၀ ကြာ အရေးပေါ် အခြေအနေကြေညာခဲ့သည်။

Lasso က ၎င်းစီမံချက်အား နိုင်ငံတော်သမ္မတရုံး၊ ပြန်ကြားရေး အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ တရားဝင်အင်တာနက်ချန်နယ်များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ဧပြီ ၂၉ ရက်က ကြေညာခဲ့ခြင်း ဖြစ်သည်။

“သမ္မတအမိန့်အရ Guayas ၊ Manabi နဲ့ Esmeraldas စတဲ့ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ဧပြီ ၂၉ ရက် သန်းခေါင်ယံကစပြီး အကျိုးသက်ရောက်မှုရှိမှာပါ” ဟု သမ္မတက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်နွယ်နေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ပြန့်ပွားနေပြီး အကြမ်းဖက်မှုဘက်ကိုဦးတည်နေသော နေရာများဖြစ်သည့် အဆိုပါပြည်နယ်သုံးခုရှိ မြို့ပြဧရိယာများတွင် ဒေသစံတော်ချိန် ည ၁၁:၀၀ နာရီ မှ နံနက်၅ နာရီ အထိ ညမထွက်ရ အမိန့်အားထုတ်ပြန်ထားကြောင်း သိရသည်။

နိုင်ငံ၏ အရေးပေါ်အခြေအနေအရ တပ်မတော်သား ၅၀၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ပါဝင်သော ယူနီဖောင်းဝတ်ထားသောအမှုထမ်း ၉၀၀၀ အား တည်ငြိမ်အေးချမ်းမှုပြန်လည်ထိန်းသိမ်းရန် တပ်ဖြန့်ထားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေ ပုန်းအောင်းဖို့ ကြိုးစားတဲ့ နယ်မြေတွေ အထိ မှုခင်းတွေကို တိုက်ထုတ်သွားမှာပါ’’ ဟု Lasso က ပြောကြားခဲ့ပြီး အီကွေဒေါလူမျိုးများ၏ ငြိမ်းချမ်းရေးက တစ်ဦးတစ်ယောက်၏ မသန့်ရှင်းသော စီးပွားရေးလုပ်ငန်းအတွက် စတေးမည်မဟုတ်ကြောင်း” ဖြည့်စွက်ပြောကြားခဲ့သည်။

Lasso သည် သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံတစ်ဝန်း မကြာသေးမီလများအတွင်း ရာဇဝတ်မှုများနှင့် မလုံခြုံမှုများ တိုးမြင့်လာမှုအတွက် အပြစ်တင်ခံနေရသော မူးယစ်ဆေးဝါးမာဖီးယားဂိုဏ်းများကို စတင်၍ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

အီကွေဒေါအကျဉ်းထောင်များတွင် ၂၀၂၁ ခုနှစ်ကစတင်၍ အကြမ်းဖက်မှု၏ လွှမ်းမိုးခြင်းခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် တစ်နှစ်တည်းတွင်ပင် အီကွေဒေါနိုင်ငံ၌ အကျဉ်းထောင်အထိကရုဏ်းမှုများကြောင့် အကျဉ်းသား ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Ecuadoran president declares state of emergency in 3 provinces
QUITO, April 29 (Xinhua) — Ecuadoran President Guillermo Lasso declared a state of emergency for 60 days starting from Friday in the coastal provinces of Guayas, Esmeraldas and Manabi, which have been plagued by delinquency and criminality related to drug trafficking.
Lasso announced the measure on Friday in a message broadcast live by the General Secretariat of Communication of the Presidency through its official internet channels.
“By executive decree I have declared a state of emergency in the provinces of Guayas, Manabi and Esmeraldas, effective as of midnight today,” said the president.
A curfew will be in force from 11:00 p.m. to 5:00 a.m. local time in urban areas of the three provinces, where organized and transnational crime associated with drug trafficking has been rampant, leading to acts of violence.
Under the state of emergency, 9,000 uniformed personnel — 4,000 from the National Police and 5,000 from the Armed Forces — are to be deployed to restore peace and order.
“We are going to take the fight against criminals to the very territory where they try to hide,” Lasso said, adding that the peace of Ecuadorans “will never be sacrificed to anyone’s dirty business.”
Since taking office, Lasso has launched a frontal fight against drug mafias, which are blamed for the increase in crime and insecurity in recent months across the country.
The wave of violence has engulfed Ecuadoran prisons since 2021. Last year alone, over 300 inmates were killed in prison riots in this South American country. Enditem

Photo-Ecuadorian President Guillermo Lasso receives an interview with Xinhua in Quito, Ecuador, Jan. 31, 2022. (Ecuadorian presidential palace/Handout via Xinhua)