Connect with us

Europe

ရုရှားက ဖြတ်သန်းသွားလာမှုပိတ်ပင်ခြင်းကိစ္စရပ်အပေါ် နော်ဝေ သံရုံးယာယီတာဝန်ခံအား ဆင့်ခေါ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

နော်ဝေနိုင်ငံ Spitsbergen ကျွန်းသို့ ကုန်စည်များတင်ပို့ခြင်းကို တားမြစ်လိုက်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နော်ဝေသံရုံးယာယီတာဝန်ခံ Solveig Rossebo အား ဆင့်ခေါ်ခဲ့ကြောင်း ဇွန် ၂၉ရက် ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ပြောကြားထားသည်။Spitsbergen သို့ ကုန်စည်များတင်ပို့ခြင်းကို နော်ဝေနိုင်ငံဘက်မှ ပိတ်ပင်လိုက်ခြင်းသည် လက်မခံနိုင်ဖွယ် အခြေအနေဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုမှာ ကျွန်းစုတွင် ရုရှားနိုင်ငံပိုင် Arktikugol စီးပွားရေးလုပ်ငန်းတစ်ခုလုံး၏ လည်ပတ်မှုများကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း” စသည်တို့ကို Rossebo အား အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဧပြီလက ရုရှား-နော်ဝေ နယ်စပ်တွင် ရုရှားနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးအပေါ် နော်ဝေနိုင်ငံက ကန့်သတ်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် Spitsbergen ကျွန်းရှိ စီးပွားရေးလုပ်ငန်းနှင့် ရုရှားကောင်စစ်ဝန်ရုံး၏ ပုံမှန်လုပ်ငန်းစဉ်တွင် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်နှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများကဲ့သို့ အရေးကြီးကုန်စည်များမှာ ပိတ်မိနေခဲ့ကြောင်း ဝန်ကြီးဌာနအရ သိရသည်။

ထို့သို့ ရန်လိုသောအပြုအမူများက “သင့်လျော်သော လက်တုံ့ပြန်မှုဆောင်ရွက်ချက်တွေဆီ ဧကန်အမှန်ဦးတည်နိုင်မည်ဖြစ်ကြောင်း ထောက်ပြလျက် နော်ဝေနိုင်ငံအနေဖြင့် “ယင်းကိစ္စကို ဖြစ်နိုင်သမျှမြန်မြန် ဖြေရှင်းရန်” ရုရှားနိုင်ငံက တောင်းဆိုခဲ့သည်။ (Xinhua)

………………………………………………
(English Version)

Russia summons Norwegian charge d’affaires over transit ban issue
Source: XinhuaEditor: huaxia2022-06-30 07:02:15
MOSCOW, June 29 (Xinhua) — The Russian Foreign Ministry summoned Norwegian Charge d’Affaires Solveig Rossebo over Norway’s decision to block the delivery of goods to Spitsbergen, the ministry said in a statement Wednesday.

Rossebo was informed about the “unacceptable situation around the delivery of cargos to Spitsbergen blocked by the Norwegian side that were designated for the operations of the Arktikugol federal state unitary enterprise on the archipelago,” the foreign ministry said.

As a result of the Norwegian restrictions imposed against Russian transport on the Russian-Norwegian border in April, vital goods such as food and medical equipment, which are necessary for the normal functioning of the enterprise and Russia’s Consulate General on Spitsbergen, are being blocked, according to the ministry.

Russia demanded that Norway “resolve the issue as soon as possible,” pointing out that such hostile actions would “inevitably lead to appropriate retaliatory measures.” ■
Photo : File photo taken on April 16, 2021 shows the Ministry of Foreign Affairs of Russia in Moscow. (Xinhua/Evgeny Sinits