Connect with us

Asia

နီပေါလေယာဉ် ပျက်ကျသည့်နေရာတွင် ရုပ်အလောင်း ၂၁ ခုတွေ့ရှိ၊ ၁ ဦးပျောက်ဆုံးနေဆဲ

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ လေဆိပ်တစ်ခုတွင် လေယာဉ်ပျက်ကျရာနေရာမှ တွေ့ရှိရသော ရုပ်အလောင်းကို နီပေါစစ်တပ် ကယ်ဆယ်ရေးအဖွဲ့က မေ ၃၀ ရက်က သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ မေ ၃၁ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ Mustang ခရိုင်ရှိ ဝေးလံ၍ တောတောင်ထူထပ်သောနေရာ၌ နီပေါ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျရာနေရာ၌ ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။“ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဦးကတော့ ပျောက်ဆုံးနေဆဲပါ” ဟု Mustang ခရိုင် တာဝန်ရှိသူ အကြီးအကဲ Netra Prasad Sharma က ဆင်ဟွာသို့ ပြောခဲ့သည်။ ရုပ်အလောင်း ၁၀ ခုကို ရဟတ်ယာဉ်ဖြင့် ခတ္တမန္ဒူမြို့သို့ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ လေဆိပ်တစ်ခုတွင် လေယာဉ်ပျက်ကျရာနေရာမှ တွေ့ရှိရသော ရုပ်အလောင်းကို နီပေါစစ်တပ် ကယ်ဆယ်ရေးအဖွဲ့က မေ ၃၀ ရက်က သယ်ဆောင်လာစဉ် (ဆင်ဟွာ)

အဆိုပါ Twin Otter လေယာဉ်သည် မေ ၂၉ ရက် နံနက်ပိုင်းက နီပေါနိုင်ငံ Pokhara မြို့မှ Mustang ခရိုင် Jomsom မြို့သို့ ဦးတည်ပျံသန်းပြီးနောက် မိနစ်အနည်းငယ်အကြာ၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းလေယာဉ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း၌ ဦးဆောင်နေသော နီပေါစစ်တပ်က လေယာဉ်ပျက်ကျရာနေရာကို မေ ၃၀ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ လေဆိပ်တစ်ခုတွင် လေယာဉ်ပျက်ကျရာနေရာမှ ရုပ်အလောင်းများ သယ်ဆောင်လာသော နီပေါစစ်ရဟတ်ယာဉ်တစ်စင်းအား မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါလေယာဉ်တွင် နီပေါနိုင်ငံသား ၁၃ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် ဂျာမနီနိုင်ငံသား ၂ ဦး ပါဝင်သော ခရီးသည် ၁၉ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦး လိုက်ပါသွားခဲ့ကြောင်း ယင်းလေယာဉ်ပိုင် ကုမ္ပဏီဖြစ်သော Tara Air က ဆိုသည်။

လေယာဉ်ပျက်ကျရာနေရာရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သော Indra Singh Sherchan က လေယာဉ်ပျက်ကျသောနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၁၀၀ တွင်ရှိကြောင်းနှင့် ရုပ်အလောင်းများမှာ ကျောက်တောင်၊ ချောက်ကမ်းပါးများပေါ်၌ ပြန့်ကြဲနေကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ လေဆိပ်တစ်ခုတွင် လေယာဉ်ပျက်ကျရာနေရာမှ ရုပ်အလောင်းများ သယ်ဆောင်လာသော နီပေါစစ်ရဟတ်ယာဉ်တစ်စင်းအား မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ လေဆိပ်တစ်ခုတွင် လေယာဉ်ပျက်ကျရာနေရာမှ တွေ့ရှိရသော ရုပ်အလောင်းကို နီပေါစစ်တပ် ကယ်ဆယ်ရေးအဖွဲ့အား မေ ၃၀ ရက်က သယ်ဆောင်လာစဉ် (ဆင်ဟွာ)

“လေယာဉ်က မီးမလောင်တဲ့အတွက် လူမျက်နှာတွေကိုတော့ ခွဲခြားသိရှိနိုင်ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။ တောတောင်ထူထပ်သော နီပေါနိုင်ငံသည် ကုန်းလမ်းကြောင်းများမှာ အထူးသဖြင့် မိုးရာသီ၌ ကောင်းမွန်ခြင်းမရှိသဖြင့် လေကြောင်းဖြင့် ခရီးသွားလာခြင်းကိုသာ ရွေးချယ်ရခြင်းကြောင့် လေယာဉ်ပျက်ကျမှုများသည် ရှားပါးဖြစ်ရပ်များမဟုတ်ကြောင်း သိရသည်။ (Xinhua)

#Nepal, #Plane, #Crash, #Xinhua, #Myanmar, #XinhuaMyanmar, #နီပေါ, #လေယာဉ်, #ပျက်ကျ #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………

21 bodies found at crash site of Nepali plane, 1 still missing
Source: XinhuaEditor: huaxia2022-05-30 20:56:15
KATHMANDU, May 30 (Xinhua) — Twenty-one bodies have been recovered from the crash site of a Nepali passenger plane in a remote hilly area in Nepal’s Mustang district, a local government official said on Monday.
“Twenty-one dead bodies have been recovered while one remains missing,” Netra Prasad Sharma, chief district official of Mustang, told Xinhua.
Ten bodies have been sent to Kathmandu in a helicopter, the official said.
The Twin Otter plane went missing on Sunday morning minutes after it took off from the Nepali city of Pokhara for Jomsom in Mustang district. The Nepal Army, which is leading the search and rescue effort, found the crash site on Monday morning.
Nineteen passengers, among them 13 Nepalis, four Indians and two Germans, were aboard the plane along with three crew members, said Tara Air, the operator of the flight.
Indra Singh Sherchan, a hotelier at the crash site, said the site is located at 4,100 meters above sea level and the bodies were scattered here and there on the cliff.
“As the plane didn’t catch fire, the faces can be identified,” he told Xinhua.
Air accidents are not rare in Nepal as travel by air is an option when overland routes are generally not in good shape in the mountainous country, especially during the monsoon season.■
Photo 1, 2 : A rescue team of Nepal Army carry the body of a plane crash victim at the airport in Kathmandu, Nepal, May 30, 2022. Twenty-one bodies have been recovered from the crash site of a Nepali passenger plane in a remote hilly area in Nepal’s Mustang district, a local government official said on Monday. Ten bodies have been sent to Kathmandu in a helicopter, the official said. (Photo by Sulav Shrestha/Xinhua)
Photo 3, 4 : A Nepal Army helicopter carrying bodies of victims of a plane crash lands at the airport in Kathmandu, Nepal, May 30, 2022. Twenty-one bodies have been recovered from the crash site of a Nepali passenger plane in a remote hilly area in Nepal’s Mustang district, a local government official said on Monday. Ten bodies have been sent to Kathmandu in a helicopter, the official said. (Photo by Sulav Shrestha/Xinhua)
Photo 5 : A rescue team of Nepal Army carry the body of a plane crash victim at the airport in Kathmandu, Nepal, May 30, 2022. Twenty-one bodies have been recovered from the crash site of a Nepali passenger plane in a remote hilly area in Nepal’s Mustang district, a local government official said on Monday. Ten bodies have been sent to Kathmandu in a helicopter, the official said. (P