Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ပစိဖိတ်ကျွန်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းအသစ်များ တည်ဆောက်မည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာဘက် ဒုတိယ) က ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး Voreqe Bainimarama (ယာဘက် ပထမ) တို့ ဖီဂျီနိုင်ငံ စူဗားမြို့တွင် ဒုတိယအကြိမ် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပူးတွဲကျင်းပနေသည်ကို မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စူဗား၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအနွရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စသည်တို့အား ကိုင်တွယ်နေသော နယ်ပယ်များတွင် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းအသစ်များ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ဖီဂျီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Voreqe Bainimarama နှင့် တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဝမ်က မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် တရုတ်-ပစိဖိတ် ကျွန်းနိုင်ငံများ အရေးပေါ်ထောက်ပံ့မှုအရန်အဖွဲ့ ထူထောင်ရေး အပြောင်းအလဲမရှိ ကြိုးပမ်းအားထုတ်မှုများနှင့် ရာသီဥတုပြောင်းလဲရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စသည်တို့အား ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ စင်တာများ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ သို့မှသာ တရုတ်နိုင်ငံနှင့် ပစိဖိတ်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုအတွင်း တွန်းအားများ အဆက်မပြတ် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောခဲ့သည်။

သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစ၍ တရုတ်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် နယ်ပယ် ၂၀ ကျော်အား လွှမ်းခြုံမှုရှိကြောင်း ဝမ်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် အရေးပါသောကုန်သွယ်မှုမိတ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပြီး ပစိဖိတ်နိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်ဖြစ်လာခဲ့ကြောင်း၊ ပစိဖိတ်ကျွန်းနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ၁၉၉၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်စဉ်တိုးတက်မှုမှာ ၁၃ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောခဲ့သည်။

ပစိဖိတ်နိုင်ငံများရှိ တရုတ်စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်ရှိခဲ့ကြောင်းနှင့် တရုတ်နိုင်ငံတွင် လမ်းများ၊ တံတားများ၊ ဆိပ်ခံတံတားများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် အားကစားရုံများ စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အထောက်အကူပြုခဲ့ကြောင်း ဝမ်က ပြောခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံသည် ကာကွယ်ဆေး အသစ် အမြောက်အများ ပံ့ပိုးခဲ့ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့များစွာ အမျိုးအစားစုံလင်စွာပါရှိကြောင်း ဝမ်က ဆိုသည်။

ကပ်ရောဂါမဖြစ်ပွားမီက ယင်းနိုင်ငံများသို့ သွားရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် ၁၀၀,၀၀၀ နီးပါးရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများကြား နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုမှာ သက်ဆိုင်ရာနိုင်ငံများရှိ ပြည်သူများအား လက်တွေ့အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

#China, #PacificIslandCountries, #NewPlatforms, #WangYi, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ပစိဖိတ်ကျွန်းနိုင်ငံများ, #ပလက်ဖောင်းအသစ်များ, #ဝမ်ရိ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………
(English Version)
China to build new platforms for cooperation with Pacific island countries
May 31, 2022
SUVA, May 30 (Xinhua) — Visiting Chinese State Councilor and Foreign Minister Wang Yi said Monday that China is willing to build new platforms for cooperation with Pacific island countries in such fields as tackling climate change, poverty alleviation, development, disaster prevention and mitigation.
Wang made the remarks at a joint press conference with Fijian Prime Minister and Foreign Minister Voreqe Bainimarama after their meeting.
He said the Chinese side is willing to make consistent efforts to build the China-Pacific Island Countries Reserve of Emergency Supplies, and the centers on tackling climate change, poverty alleviation and development, agricultural cooperation, disaster prevention and mitigation, so as to constantly inject impetus into the cooperation between China and Pacific island countries.
Since the establishment of diplomatic ties, China and the Pacific island countries have seen bilateral cooperation expand constantly, covering over 20 fields including trade and investment, marine environment, disaster prevention and mitigation, poverty reduction and health care, Wang said.
In addition, China has become an important trading partner and source of investment to the Pacific island countries, he said, citing a 13-percent annual growth from 1992 to 2021 in China’s trade volume with the island countries.
The investments by Chinese enterprises in the Pacific island countries have surpassed 20 billion U.S. dollars in total, and China has helped build infrastructure facilities such as roads, bridges, docks, hospitals, schools and stadiums, Wang said.
In fighting the COVID-19 pandemic, China has provided multiple batches of vaccine doses and varied anti-epidemic supplies to them, Wang said.
Nearly 100,000 Chinese tourists visited the countries per year before the pandemic, he added.
The cooperation in various fields between China and Pacific island countries has brought tangible benefits to their peoples, Wang noted.
Photo : Chinese State Councilor and Foreign Minister Wang Yi (2nd R) co-hosts the second China-Pacific Island Countries Foreign Ministers’ Meeting with Fijian Prime Minister and Foreign Minister Voreqe Bainimarama (1st R) in Suva, Fiji, May 30, 2022. (Xinhua/Zhang Yong