Connect with us

North America

လူငယ်များကြား အရေးပါသောရင်းနှီးမှုအဖြစ် တရုတ်-အမေရိကန် တက္ကသိုလ် ဖလှယ်မှုများ စိတ်ဝင်စားလျက်ရှိကြောင်း တရုတ်သံအမတ်ပြော

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Qin Gang (ဝဲ) က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ Rice University သို့ ဇွန် ၂ ရက်က သွားရောက်လည်ပတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ဟူစတန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား တက္ကသိုလ် ကူးလူးဖလှယ်မှုများနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ပညာရပ်ဆိုင်ရာ အရေးပါသည်သာမက နှစ်နိုင်ငံ ပြည်သူများ အထူးသဖြင့် လူငယ်များကြား အရေးပါသော ချစ်ကြည်ရင်းနှီးမှုလည်းပဲ ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Qin Gang က ဇွန် ၂ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Qin Gang (ဝဲ) က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ Rice University သို့ ဇွန် ၂ ရက်က သွားရောက်လည်ပတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

Qin သည် တက္ကဆက်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော ဟူစတန်ရှိ Rice University သို့ သွားရောက်လည်ပတ်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

တရုတ်-အမေရိကန် ပညာရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုများကို နိုင်ငံရေးအကြောင်းပြချက်များအတွက် ဖိနှိပ်ရန်နှင့် လျော့ပါးရန် ကြိုးပမ်းအားထုတ်မှုကို သံအမတ်ကြီးက ဝေဖန်ခဲ့ပြီး Rice University အနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ယင်းတက္ကသိုလ်၌ ပညာသင်ကြားနေသော တရုတ်ကျောင်းသား ၁,၀၀၀ ကျော်အတွက် ဘေးကင်း၍ စိတ်ချရသော ပတ်ဝန်ကျင် ပံ့ပိုးပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးသည် တရုတ်-အမေရိကန် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေး ကတိပြုထားသလို တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ်မှုများ လုပ်ဆောင်ရန် Rice University နှင့် အခြား အမေရိကန်တက္ကသိုလ်များအတွက် ပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Qin က ဆိုသည်။

Rice University ပါမောက္ခချုပ် David W. Leebron က နှစ်နိုင်ငံကြား ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပျက်စီးမှုကို ပြန်လည်ပြင်ဆင်ရေး ပိုမိုအားကောင်းရန် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် Rice University ၏ နိုင်ငံတကာပူးတွဲထိန်းသိမ်းမှုတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်လာခဲ့ကြောင်း Leebron က ဆိုသည်။

ထို့ပြင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် ခက်ခဲသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်၌ တက္ကသိုလ်များမှာမူ နှစ်နိုင်ငံ ပြည်သူများအား အတူတကွ ပိုမိုနီးကပ်မှုရှိစေရန် အထူးကဏ္ဍ၌ ဆက်လက်ပါဝင်လျက်ရှိကြောင်း၊ ယင်းမှာ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Chinese ambassador sees China-U.S. university exchanges as important bond between young peoples

Source: Xinhua

Editor: huaxia

2022-06-04 01:00:15
HOUSTON, June 3 (Xinhua) — University exchanges and educational cooperation between China and the United States are not only of academic significance, but also an important bond between the two peoples, especially the young peoples, Chinese Ambassador to the United States Qin Gang said on Thursday.

Qin made the remarks during a visit to Rice University in Houston, the largest city of the U.S. state Texas. He noted that such exchanges and cooperation play an important role in enhancing mutual understanding between the two countries.

The ambassador criticized those efforts to suppress and undermine the China-U.S. educational and cultural exchanges for political reasons, while expressing his hope that Rice University will continue to promote friendly cooperation with China and provide a safe and secure environment for more than 1,000 Chinese students studying there.
The Chinese embassy in the United States is committed to promoting the China-U.S. educational cooperation and will continue to provide support for Rice University and other American universities to conduct exchanges with China, Qin said.

David W. Leebron, president of Rice University, called for redoubling efforts to repair the damage by the coronavirus pandemic to people-to-people and cultural exchanges between the two countries.

Cooperation with China has become an important part of Rice University’s internationalization, said Leebron.

At a time when the U.S.-China relationship is facing difficult challenges, universities continue to play a special role in bringing the two peoples closer together, he said, adding that it is the best investment for the future. ■

Photo 1 : The photo posted on the website of the Ministry of Foreign Affairs of China shows Chinese Ambassador to the United States Qin Gang (L) paying a visit to Rice University in Houston, Texas, the United States, on June 2, 2022. (Courtesy of the Ministry of Foreign Affairs of China)

Photo 2 : The photo posted on the website of the Ministry of Foreign Affairs of China shows Chinese Ambassador to the United States Qin Gang (R) paying a visit to Rice University in Houston, Texas, the United States, on June 2, 2022. (Courtesy of the Ministry of Foreign Affairs of China)