Connect with us

Europe

အေသင်တောင်ပိုင်း၌ တောမီးအကြီးအကျယ်လောင်ကျွမ်းနေ ၊ နေအိမ်များမှ အရေးပေါ်ကယ်ထုတ်ခဲ့ရ

အေသင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ဂရိနိုင်ငံ အေသင်မြို့၏ တောင်ဘက်ကမ်းခြေတစ်လျှောက်တွင် စနေနေ့ မွန်းလွဲပိုင်းမှ စတင်ကာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ယင်းတောမီးသည် လူနေရပ်ကွက်များအထိ ပြန့်နှံ့ချဉ်းကပ်ရောက်ရှိလာသဖြင့် မီးသတ်သမားများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အာသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။လေပြင်းတိုက်ခတ်နေခြင်းကြောင့် မီးတောက်များသည် Glyfada နှင့် Voula ဒေသများအတွင်းရှိ Hymettus တောင်ခြေတစ်လျှောက်သို့ လျင်မြန်စွာ ကူးစက်ပြန့်နှံ့သွားခဲ့ကြောင်း ၊ ယင်းဒေသရှိ လူနေရပ်ကွက်များအား အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

ဂရိနိုင်ငံ အေသင်တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက် Voula ၌ တောမီးလောင်ကျွမ်းမှုအတွင်း မီးခိုးများထွက်ပေါ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မြို့တော်ကာကွယ်ရေးဌာနက တောမီးလောင်ကျွမ်းမှုနယ်မြေအတွင်းနေထိုင်ကြသူများကို သတိပေးချက် ၁၁၂ ချက်ဖြင့် အရေးပေါ်အခြေအနေတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုအတွင်း နေအိမ် ၄ လုံး နှင့် ကားအစီးပေါင်းများစွာ လုံးဝပျက်စီးသွားခဲ့ပြီး မီးခိုးမွှန်ပြီး အသက်ရှူကြပ်လာသဖြင့် မီးသတ်သမားတစ်ဦးကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဂရိနိုင်ငံ အေသင်တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက် Voula ၌ တောမီးလောင်ကျွမ်းမှုအတွင်း ကားတစ်စီး မီးလောင်ပျက်စီးသွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မီးသတ်လေယာဉ် ၆ စင်း နှင့် ရဟတ်ယာဉ် ၅ စင်း အကူအညီဖြင့် မီးသတ်သမား ၁၀၀ ကျော်က မီးငြှိမ်း သတ်ရန် ရေတန်ချိန်ပေါင်းများစွာ ပတ်ဖြန်းပေးခဲ့ကြောင်း သိရသည်။

ဂရိနိုင်ငံ အေသင်တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက် Voula ၌ တောမီးလောင်ကျွမ်းနေသည်ကို မီးသတ်သမားများ ငြှိမ်း သတ်နေစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံသည် အပူချိန်မြင့်မားခြင်း နှင့် တောမီးရှို့သူများကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီများတွင် တောမီးလောင်ကျွမ်းမှုများစွာ ဖြစ်ပေါ်ခံစားခဲ့ရသည်။ ပြီးခဲ့သော ၂၀၂၁ ခုနှစ်တွင် အေသင်ဒေသတွင် လူနေအိမ်ပေါင်းများစွာ မီးလောင်ပြာကျခဲ့ရပြီး Peloponnese ကျွန်းဆွယ် နှင့် Evia များအပါအဝင် အခြားနေရာများတွင် ကျယ်ပြန့်စွာလောင်ကျွမ်းခဲ့သော တောမီးကြောင့် သစ်တောမြေ နှင့် စိုက်ပျိုးမြေ ဟက်တာ တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရသလို နောက်ဆုံးဆယ်စုနှစ်များအတွင်း နိုင်ငံ၏ အဆိုးရွားဆုံး အပူလှိုင်းဖြတ်သန်းမှုဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အေသင်မြို့အနီး Mati အပန်းဖြေစခန်းရှိ ကမ်းခြေ၌ ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် လူပေါင်း ၁၀၂ ဦးသေဆုံးခဲ့ရပြီး ဂရိနိုင်ငံ၏ ဖြစ်ဖူးသမျှ အဆိုးရွားဆုံး မီးဘေးအန္တရာယ်ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

Wildfire rages in southern Athens, homes evacuated

ATHENS, June 4 (Xinhua) — A major wildfire broke out on Saturday afternoon in the southern coastal part of Athens, prompting a large response from the fire service as the blaze was reaching residential areas.
Fanned by strong winds, the flames spread quickly across the foothills of Mount Hymettus in Glyfada and Voula regions, posing threat to inhabited areas.

The Civil Protection service issued an emergency 112 alert to residents of neighboring areas, urging them to evacuate their houses.

The fire seriously damaged four homes and burned cars, while one fireman was hospitalized with respiratory problems, according to authorities
More than 100 firefighters aided by six firefighting aircraft and five helicopters dropped tons of water in an attempt to douse the blaze.

Greece suffers from many wildfires every summer due to high temperatures and arsonists.
In 2021, hundreds of blazes in the wider Athens region, the Peloponnese peninsula and Evia Island among others decimated more than 100,000 hectares of forestry and farmland in the wake of the country’s worst heat wave in the last few decades.

In 2018, 102 people died in the coastal resort of Mati, near Athens, in Greece’s worst-ever fire disaster.

(1,4)Firefighters battle a fire around a house in Voula, a southern suburb of Athens, Greece, on June 4, 2022.. (Xinhua/Marios Lolos)

(2) Smoke from a wildfire rises in Voula, a southern suburb of Athens, Greece, on June 4, 2022. (Xinhua/Marios Lolos)

(3) A vehicle burned down in a wildfire is seen in Voula, a southern suburb of Athens, Greece, on June 4, 2022. (Xinhua/Marios Lolos)