Connect with us

Science & Technology

တရုတ်နိုင်ငံက အာကာသစခန်းတည်ဆောက်မှု ပြီးစီးရေးအတွက် လူလိုက်ပါသည့်မစ်ရှင်အား လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက်တွင် Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် အာကာသယာဉ်အား လွှတ်တင်စဉ်(ဆင်ဟွာ)

ကျိုချွမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် လူလိုက်ပါသည့် Shenzhou-14 အာကာသယာဉ်အား ယနေ့ ဇွန် ၅ ရက်တွင် လွှတ်တင်ခဲ့ပြီး အာကာသစခန်းပေါင်းစပ်မှုသို့ ၆ လကြာမစ်ရှင်အတွက် အာကာသယာဉ်မှူးသုံးဦးအား စေလွှတ်ခဲ့ကြောင်း သိရသည်။အဆိုပါ အာကာသယာဉ်မှူးသုံးဦးသည် Tiangong အာကာသစခန်း ပစ္စည်းအစိတ်အပိုင်း တပ်ဆင်ခြင်း နှင့် တည်ဆောက်ခြင်းအား ပြီးစီးစေရေးအတွက် စခန်းရှိအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မော်ဂျူးတစ်ခုတည်း ဖွဲ့စည်းတည်ဆောက်ပုံမှ Wentian နှင့် Mengtian လက်တွေ့စမ်းသပ်ခန်းမော်ဂျူး နှစ်ခု နှင့် Tianhe အဓိကမော်ဂျူးတို့ ပါဝင်သည့် မော်ဂျူးသုံးခုနှင့်အတူ နိုင်ငံတော်အဆင့် အာကာသဓါတ်ခွဲစမ်းသပ်ခန်းတစ်ခုအဖြစ်သို့ တည်ဆောက်ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။

Long March-2F သယ်ဆောင်ရေးဒုံးပျံပေါ်မှ အာကာသယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

China launches crewed mission to complete space station construction
JIUQUAN, June 5 (Xinhua) — China on Sunday launched the crewed spaceship Shenzhou-14, sending three astronauts to its space station combination for a six-month mission.
The trio will cooperate with the ground team to complete the assembly and construction of the Tiangong space station, developing it from a single-module structure into a national space laboratory with three modules — the core module Tianhe and two lab modules Wentian and Mengtian.
The spaceship, atop a Long March-2F carrier rocket, was lift off from the Jiuquan Satellite Launch Center in northwest China. ■