Connect with us

Asia

တီမောလက်စ်တေ့နိုင်ငံ သမ္မတက ဒေသတွင်းငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အရေးပါသောအခန်းကဏ္ဍအား အလေးပေးပြောကြား

တီမောလက်စ်တေ့နိုင်ငံ သမ္မတ Jose Ramos-Horta က ဇွန် ၂ ရက်တွင် ဆင်ဟွာ နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဒီလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်းစီးပွားရေးတို့နှင့်ပတ်သက်၍ အလွန်အလေးထားပြီး အာရှအတွင်းရှိ နိုင်ငံအများအပြားကို ပံ့ပိုးကူညီရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း တီမောလက်စ်တေ့နိုင်ငံ သမ္မတ Jose Ramos-Horta က ပြောကြားခဲ့သည်။ဇွန် ၂ ရက်တွင် ဆင်ဟွာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် ဒေသ၏ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ချမ်းသာဝပြောရေးအတွက် မရှိမဖြစ် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီလ ၄ ရက်တွင် ကျင်းပပြုလုပ်သည့် Beijing 2022 အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း တီမောလက်စ်တေ့နိုင်ငံ၏ အိုလံပစ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

တီမောလက်စ်တေ့နိုင်ငံ သမ္မတက လွန်ခဲ့သော နှစ်ပေါင်း ၂၀ အား ပြန်လည်ပြောကြားကာ တီမောလက်စ်တေ့နိုင်ငံကိုယ်စား ၎င်းသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်မှု ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးသည် ထိုအချိန်မှစတင်ကာ အလွန် အားကောင်းခိုင်မာပြီး ညီအစ်ကိုအရင်းသဖွယ် ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

တီမောလက်စ်တေ့နိုင်ငံ ဒီလီမြို့ရှိ တီမောလက်စ်တေ့အမျိုးသားတက္ကသိုလ်၌ တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တီမောလက်စ်တေ့နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Xiao Jianguo အား ၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် တီမောလက်စ်တေ့နိုင်ငံ၏ အဓိကကုန်သွယ်ဖက်များအနက် တစ်နိုင်ငံ ဖြစ်ပြီး ပညာရေး ၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အအုံ နယ်ပယ်များတွင် တီမောလက်စ်တေ့နိုင်ငံအား ပံ့ပိုးပေးရာတွင် အလွန်စေတနာထားခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“တရုတ်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ တီမောလက်စ်တေ့နိုင်ငံသားတွေ အများကြီး ရှိပါတယ်။ ဒီနိုင်ငံမှာလဲ တရုတ်ဆရာဝန်တွေ အလုပ်လုပ်နေကြပါတယ်။ တရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူတွေက နိုင်ငံရဲ့ ကျေးလက်နေရာတစ်ချို့မှာ အကြံပေးနေကြပါတယ်။အဲဒါအပြင် အဓိက တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွေက နိုင်ငံရဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးမှာ အတူပါဝင်ခဲ့ကြပါတယ်။”ဟု သမ္မတ Jose Ramos-Horta က ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ တရုတ်နိုင်ငံက ကျွန်တော်တို့ကို ထောက်ပံ့ပေးခဲ့သလိုပဲ တီမောလက်စ်တေ့နိုင်ငံအတွက် စီးပွားရေးအရ ဆက်လက်တိုးတက်နေဖို့ အလွန့်အလွန် အရေးကြီးတာ ဖြစ်ပါတယ်။”ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တီမောလက်စ်တေ့နိုင်ငံ၏ စီးပွားရေး ပြောင်းလဲရေးတွင် ကူညီပေးနိုင်ပြီး အထူးသဖြင့် နိုင်ငံ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား တရုတ်နိုင်ငံ၏ အကူအညီနှင့်အတူ ပိုမိုမြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

တီမောလက်စ်တေ့နိုင်ငံသည် အာဆီယံအဖွဲ့တွင် ပါဝင်ရေး လုပ်ငန်းစဉ်တွင် ပါဝင်နေပြီး နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံခြားကုမ္ပဏီများအတွက် အနှေးနှင့်အမြန် ကြီးမားသောအကျိုးကျေးဇူးများ ယူဆောင်လာလိမ့်မည်ဖြစ်ကြောင်း အမျိုးသားမဟာဗျူဟာရည်မှန်းချက်တစ်ရပ်အနေဖြင့် ၎င်းက ရည်ညွှန်းပြောကြားခဲ့သည်။
တီမောလက်စ်တေ့နိုင်ငံ သမ္မတက COVID-19 ရောဂါတိုက်ဖျက်ရာတွင် ကူညီမှုများအတွက် တရုတ်အား ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

“လာမယ့်နှစ်တွေမှာ တီမောလက်စ်တေ့နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးက ဒီထက်မက ပိုပြီး တိုးချဲ့လာမှာ ဖြစ်ပြီးတော့ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်လာမယ်ဆိုတာ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————–

Interview: Timor-Leste president highlights China’s important role in promoting regional peace, stability
DILI, June 4 (Xinhua) — China is very concerned about the global and regional economy, and has done its share in supporting many countries in Asia, President of Timor-Leste Jose Ramos-Horta has said.
In an interview with Xinhua on Thursday, Ramos-Horta said China’s role is indispensable for the peace and stability, development and prosperity of the region.
President Ramos-Horta recalled that 20 years ago, on behalf of Timor-Leste, he signed the joint communique on the establishment of diplomatic ties with China, and bilateral relations have ever since become “very strong, solid and fraternal.”
China is one of the main trading partners of Timor-Leste, and has been very generous in supporting the nation in the fields of education, health, agriculture and infrastructure, Ramos-Horta noted.
“We have many Timorese studying in China, Chinese doctors working here, and Chinese agricultural experts advising in some rural areas of Timor-Leste. In addition, major Chinese construction companies have participated in the infrastructure development of Timor-Leste,” said the president.
“What China is providing to us as it has done in the last 20 years, is extremely important for Timor-Leste to keep progressing economically,” he stressed.
The president expressed his hope that China will help diversify Timor-Leste’s economy, and in particular, the country’s industrial development will be further enhanced with China’s assistance.
Ramos-Horta also mentioned that as a national strategic goal, Timor-Leste is in the process of joining ASEAN, and will in time bring tremendous benefit to foreign companies investing in the country.
The president also thanked China for the help in the fight against COVID-19.
“I believe that for the next years to come, the relations between Timor-Leste and China will expand even more, for the benefit of both countries,” said Ramos-Horta. ■
Photo 1 – President of Timor-Leste Jose Ramos-Horta smiles in an interview with Xinhua in Dili, Timor Leste, June 2, 2022. (Xinhua/Xu Qin)
Photo 2 – The Olympic delegation of the Democratic Republic of Timor-Leste parade into the National Stadium during the opening ceremony of the Beijing 2022 Olympic Winter Games in Beijing, capital of China, Feb. 4, 2022. (Xinhua/Yang Lei)
Photo 3 – Chinese Ambassador to Timor-Leste Xiao Jianguo attends the launch ceremony of the inoculation campaign of China’s Sinovac COVID-19 vaccine at the National University of Timor-Leste in Dili, Timor-Leste, June 14, 2021. (Xinhua)