Connect with us

Europe

ပူတင်နှင့် ဘန်းနက်တို့ ယူကရိန်းအရေး တယ်လီဖုန်းဖြင့်ဆွေးနွေး

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) နှင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက် (Naftali Bennett) တို့ ရုရှားနိုင်ငံ ဆိုချီမြို့၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-- Kremlin)

မော်စကို၊ မေ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) သည် မေ ၅ ရက်တွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက် (Naftali Bennett) နှင့် ယူကရေး အရေးကိစ္စအား တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Azovstal သံမဏိစက်ရုံ မှ အမျိုးသားရေးတပ်ရင်း၏ စစ်သွေးကြွများမှ ထိန်းချုပ်ထားသော အရပ်သားများ ရွှေ့ပြောင်းရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များအား နှစ်နိုင်ငံခေါင်းဆောင်များက အထူးအာရုံစိုက်၍ အလေးပေး ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားစစ်တပ်အနေဖြင့် အရပ်သားများ၏ လုံခြုံဘေးကင်းစွာ ထွက်ခွာမှုဖြစ်စေရန် အသင့်ပြင်ထားကြောင်း ပူတင်ကပြောကြားခဲ့ပြီး ယူကရိန်း အာဏာပိုင်များအနေဖြင့် Azovstal သံမဏိစက်ရုံတွင် ကျန်ရှိနေသေးသည့် စစ်သွေးကြွများအား လက်နက်ချရန် အမိန့်ပေးသင့်ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

“ရုရှားနှင့် အစ္စရေးတို့ မေလ ၉ ရက်က ဆင်နွှဲကြသော မဟာမျိုးချစ်စစ်ပွဲ၏ အောင်ပွဲနေ့အကြိုတွင် ပူတင်နှင့် ဘန်းနက်က ယင်းနေ့သည် နှစ်နိုင်ငံပြည်သူများအတွက် အထူးအရေးပါကြောင်း အလေးပေးပြောကြားခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………
(English Version)
Putin, Bennett discuss Ukraine over phone
MOSCOW, May 5 (Xinhua) — Russian President Vladimir Putin held a telephone conversation with Israeli Prime Minister Naftali Bennett on Thursday to discuss the Ukrainian situation.
The leaders paid special attention to humanitarian issues, including the evacuation of civilians held by militants of nationalist battalions from the Azovstal steel plant, the Kremlin said in a statement.
The Russian military is ready to ensure the safe exit of civilians, Putin said, adding that the Kiev authorities should order the remaining militants at the Azovstal plant to lay down arms.
“On the eve of Victory Day in the Great Patriotic War, which Russia and Israel celebrate on May 9, Putin and Bennett emphasised the special importance of this date for the people of both countries,” the statement added. Enditem

Photo-Russian President Vladimir Putin meets Israeli Prime Minister Naftali Bennett in Sochi, Russia on Oct. 22, 2021. [Photo/Kremlin]