Connect with us

Science & Technology

Shenzhou-14 အာကာသယာဉ်မှူးများ အာကာသစခန်းပင်မမော်ဂျူးသို့ ဝင်ရောက်

တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့က အာကာသစခန်း ပင်မမော်ဂျူးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် အလေးပြုနေသည်ကို ပေကျင်းအာကာသယာဉ်တည်ဆောက်မှုနည်းပညာထိန်းချုပ်ရေးစင်တာမှ ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

Shenzhou-14 အာကာသယာဉ်ပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ဇွန် ၅ ရက်တွင် တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မမော်ဂျူး Tianhe အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA) ထံမှ သိရသည်။Shenzhou-14 အာကာသယာဉ်သည် Tianhe မော်ဂျူး ၊ Tianzhou-3 ကုန်တင်ယာဉ် နှင့် Tianzhou-4 ကုန်တင်ယာဉ်တို့နှင့် ပေါင်းစပ်ကာ လျင်မြန်စွာ အလိုအလျောက် ချိတ်ဆက်ခြင်း နှင့် ဆိုက်ကပ်ခြင်းအား အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် Shenzhou-14 ယာဉ်မှူးများသည် အာကာသယာဉ်၏ အပြန်အာကာသယာဉ်အခန်းမှ ပတ်လမ်းအာကာသယာဉ်အခန်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

တရုတ်အာကာသယာဉ်မှူး ချန်တုန်းက အာကာသစခန်း ပင်မမော်ဂျူး၏ အဝင်တံခါးပေါက်အား ဖွင့်လှစ်နေသည်ကို ပေကျင်းအာကာသယာဉ်တည်ဆောက်မှုနည်းပညာထိန်းချုပ်ရေးစင်တာမှ ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူးသုံးဦးက အာကာသစခန်း ပင်မမော်ဂျူးအတွင်းသို့ ဝင်ရောက်နေသည်ကို ပေကျင်းအာကာသယာဉ်တည်ဆောက်မှုနည်းပညာထိန်းချုပ်ရေးစင်တာမှ ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကြိုတင်ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် အာကာသယာဉ်မှူး ချန်တုန်းသည် ပေကျင်းစံတော်ချိန် ည ၈ နာရီ ၅၀ တွင် Tianhe ပင်မမော်ဂျူး၏ တံခါးပေါက်အား ဖွင့်လှစ်ခဲ့ပြီး ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့သည် Tianhe အတွင်းသို့ အလှည့်ကျဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့က အာကာသစခန်း ပင်မမော်ဂျူးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် လက်ဝှေ့ယမ်းပြနေသည်ကို ပေကျင်းအာကာသယာဉ်တည်ဆောက်မှုနည်းပညာထိန်းချုပ်ရေးစင်တာမှ ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူး ချန်တုန်းက အာကာသစခန်း ပင်မမော်ဂျူးအတွင်းသို့ ဝင်ရောက်နေသည်ကို ပေကျင်းအာကာသယာဉ်တည်ဆောက်မှုနည်းပညာထိန်းချုပ်ရေးစင်တာမှ ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါအာကာသယာဉ်မှူးသုံးဦးသည် အစီအစဉ်အတိုင်း သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း CMSA က ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)
Shenzhou-14 astronauts enter space station core module
BEIJING, June 5 (Xinhua) — The three Chinese astronauts onboard the Shenzhou-14 spaceship entered the country’s space station core module Tianhe on Sunday, according to the China Manned Space Agency (CMSA).
After Shenzhou-14 successfully completed a fast automated rendezvous and docking with the combination of the Tianhe module, the Tianzhou-3 cargo craft and the Tianzhou-4 cargo craft, the Shenzhou-14 crew entered the orbital capsule from the return capsule of the spaceship.
After a series of preparations, Chen Dong opened the hatch of the Tianhe core module. By 8:50 p.m. (Beijing Time), Chen Dong, Liu Yang and Cai Xuzhe had entered Tianhe one by one.
The trio will carry out relevant work as planned, the CMSA said.
Photo 1 – Screen image captured at Beijing Aerospace Control Center on June 5, 2022 shows three Chinese astronauts, Chen Dong (C), Liu Yang (R) and Cai Xuzhe, saluting after entering the space station core module Tianhe.
Photo 2 – Screen image captured at Beijing Aerospace Control Center on June 5, 2022 shows Chinese astronaut Chen Dong opening the hatch door of the space station core module Tianhe.(Xinhua/Li Xin)
Photo 3 – Screen image captured at Beijing Aerospace Control Center on June 5, 2022 shows three Chinese astronauts entering the space station core module Tianhe. (Xinhua/Li Xin)
Photo 4 – Screen image captured at Beijing Aerospace Control Center on June 5, 2022 shows three Chinese astronauts, Chen Dong (C), Liu Yang (R) and Cai Xuzhe, waving after entering the space station core module Tianhe. (Xinhua/Li Xin)
Photo 5 – Screen image captured at Beijing Aerospace Control Center on June 5, 2022 shows Chinese astronaut Chen Dong entering the space station core module Tianhe. (Xinhua/Li Xin)■