Connect with us

Europe

တရုတ်သံတမန်က ရုရှားအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းအား လက်နက်များ ထောက်ပံ့ခြင်း မပြုရန် သတိပေး

Donetsk ရှိ ပျက်စီးနေသည့် အဆောက်အအုံ အကျိုးအပဲ့များအား ရှင်းလင်းနေသည့် မီးသတ်သမားတစ်ဦးအား မေ ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းနိုင်ငံသို့ လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း မပြုကြရန် တရုတ်သံတမန်က ဇွန် ၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လိင်အကြမ်းဖက်မှု နှင့် တရားမဝင်လူကုန်ကူးမှု ပပျောက်ရေးအား မရပ်တန့်သင့်ကြောင်း ၊ အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးတို့မှတစ်ဆင့်သာ အမျိုးသမီးများ နှင့် ကလေးငယ်များအတွက် ပဋိပက္ခစိတ်ဒဏ်ရာများကို အခြေခံအားဖြင့် တားဆီးနိုင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ လက်ထောက်အမြဲတမ်းကိုယ်စားလှယ် Dai Bing က ပြောကြားခဲ့သည်။

မာရီယူပိုးလ်ရှိ ပျက်စီးသွားသော လူနေထိုင်သည့် အဆောက်အအုံတစ်လုံးအား မေ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတကာအသိုက်အဝန်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးတက်ဖြစ်ထွန်းစေရန် အတူတကွလုပ်ဆောင်သင့်ပြီး ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအား စေ့စပ်ဆွေးနွေးခြင်းလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် တိုက်တွန်းသင့်ကြောင်း ၎င်းက ယူကရိန်းပဋိပက္ခအခြေအနေအတွင်း လိင်အကြမ်းဖက်မှု နှင့် တရားမဝင်လူကုန်ကူးမှုဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း သို့မဟုတ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း နှင့် ဖိအားပေးခြင်းသည် ပြသနာအား မဖြေရှင်းနိုင်ဘဲ ပဋိပက္ခအား ဆက်လက်တည်တံ့စေပြီး တိုးလာမည်သာဖြစ်ကြောင်း Dai Bing က သတိပေးခဲ့သည်။

ယူကရိန်းနိုင်ငံ နှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများသည် ပထဝီနိုင်ငံရေး နှင့် အုပ်စုထိပ်တိုက်ရင်ဆိုင်မှုများအတွက် ပေးဆပ်ရသူများ မဖြစ်သင့်ကြောင်း ၊ လူသားများသည် ကံကြမ္မာအကျိုးတူအသိုက်အဝန်း ရှိပြီး ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးသည် ခွဲခြား၍မရနိုင်သည့် အချိန်ကာလတစ်ခုတွင် မည်သည့်နိုင်ငံမျှ အခြားသူများ၏ လုံခြုံရေးအား အထိခိုက်ခံလျက် ၎င်းတို့၏ ကိုယ်ပိုင်အကြွင်းမဲ့လုံခြုံရေးကို ရယူခြင်း သို့မဟုတ် ကြိုးပမ်းခြင်း မပြုသင့်ကြောင်း ၊ နိုင်ငံတကာ နှင့် ဒေသတွင်းလုံခြုံရေးသည် စစ်ဘက်အုပ်စုများ အားကောင်းလာခြင်း နှင့် ထောက်ပံ့မှု နှင့် စက်မှုလုပ်ငန်းကွင်းဆက်များ ဖြတ်တောက်ခြင်းဖြင့် အာမခံချက် မပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယူကရိန်းနိုင်ငံရှိ ပဋိပက္ခအား လျော်ကန်တဲ့ပြေလည်အောင်ဖြေရှင်းပေးရာမှာ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍက ပါဝင်ဖို့ ၊ နိုင်ငံတကာ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ၊ လုံခြုံရေးကို ဦးစားပေးထားဖို့ သက်ဆိုင်သူများတွေကို တရုတ်နိုင်ငံက ထပ်ပြီးတော့ တောင်းဆိုပါတယ်။”ဟု Dai Bing က ပြောကြားခဲ့သည်။

ပဋိပက္ခကြောင့် ယူကရိန်းပြည်သူများ အကြီးအကျယ်ဆုံးရှုံးမှု ဖြစ်ခဲ့ ရသည်။ အမျိုးသမီးများ နှင့် ကလေးသူငယ်များ ရင်ဆိုင်ရသည့် လုံခြုံရေးအန္တရာယ်များမှာ အထူးစိုးရိမ်စရာ ဖြစ်သည်။ ပဋိပက္ခနှင့် သက်ဆိုင်သူများသည် နိုင်ငံတကာ ဥပဒေကို လိုက်နာသင့်ပြီး အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအား လိင်အကြမ်းဖက်မှု နှင့် တရားမဝင်လူကုန်ကူးမှု အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးမှ အရပ်သားများအား ကာကွယ်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စစ်နည်းဗျူဟာတစ်ခုအဖြစ် လိင်အကြမ်းဖက်မှုအား အသုံးပြုခြင်းသည် ကြီးလေးသောရာဇဝတ်မှုတစ်ခု ဖြစ်သည်။ စွပ်စွဲချက်မှန်သမျှအား အချက်အလက်များကို အခြေခံပြီး သမာသမတ် ကျစွာ စုံစမ်းစစ်ဆေးသင့်ကြောင်း Dai Bing က ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ယူကရိန်းပြည်သူ ၆ ဒသမ ၈ သန်းသည် ခိုလှုံရာအတွက် အိမ်နီးချင်းနိုင်ငံများအတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် အများစုမှာ အမျိုးသမီးများ နှင့် ကလေးငယ်များ ဖြစ်ကြသည်။ တရုတ်နိုင်ငံအနေဖြင့် အမျိုးသမီးများ နှင့် ကလေးသူငယ် ဒုက္ခသည်များအတွက် လုံခြုံသော အမိုးအကာ နှင့် အခြေခံသက်မွေးဝမ်းကြောင်းများ ပေးအပ်ရာတွင် ယူကရိန်းနိုင်ငံ၏ အိမ်နီးချင်းများက ပြသသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ်အား ချီးကျူးကြောင်း ၊ တစ်ချိန်တည်းမှာပင် တရားမဝင်လူကုန်ကူးမှု ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု နှင့် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပင်းမှုများ အရေအတွက် တိုးလာခြင်းသည် စိုးရိမ်စရာကောင်းလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆိုင်သော ပြစ်မှုကျုးလွန်သည့်လုပ်ရပ်များအား ဖော်ထုတ်အပြစ်ပေးရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ချက်ချင်းဆောင်ရွက်ရေးအတွက် တောင်းဆိုကြောင်း ၊ သက်ဆိုင်သောကုလသမဂ္ဂအေဂျင်စီများသည် စောင့်ကြည့်လေ့လာစိစစ်မှုများကို အားဖြည့်သင့်ပြီး ယူကရိန်းဒုက္ခသည်များအား တရားမဝင်လူကုန်ကူးမှု ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု နှင့် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပင်းမှုများကို တိုက်ဖျက်ရန် အတတ်ပညာဆိုင်ရာ ၊ နည်းပညာဆိုင်ရာပံ့ပိုးမှုများ ပေးသင့်ကြောင်း Dai Bing က ပြောကြားခဲ့သည်။ (Xinhua)

————————–

(English version)

Chinese envoy warns against providing weapons to Ukraine or imposing sanctions on Russia

Constantly providing weapons or imposing sanctions and pressure will not solve the problem, but will only perpetuate and expand the conflict, a Chinese envoy warned.
UNITED NATIONS, June 6 (Xinhua) — A Chinese envoy on Monday warned against constantly providing weapons to Ukraine or imposing sanctions on Russia.
The international community should not stop at eliminating sexual violence and human trafficking. Only through cease-fire and the restoration of peace can the trauma of conflict for women and children be fundamentally avoided, said Dai Bing, China’s deputy permanent representative to the United Nations.
“The international community should work together to promote peace talks, and encourage Russia and Ukraine to come back to the negotiation track,” he told a Security Council meeting on sexual violence and human trafficking in the context of the Ukraine conflict.
Constantly providing weapons or imposing sanctions and pressure will not solve the problem, but will only perpetuate and expand the conflict, he warned.
People in Ukraine and other developing countries should not pay the price for geopolitical and bloc confrontations. At a time when humans have a shared future and when global security is indivisible, no country can or should seek its own absolute security at the expense of the security of others. And international and regional security cannot and should not be guaranteed by strengthening military blocs and cutting off supply and industrial chains, said Dai.
“China once again calls on the parties concerned to put international and regional peace and security first and to play a constructive role in the proper resolution of the crisis in Ukraine,” he said.
The conflict has taken a heavy toll on the Ukrainian people. The security risks faced by women and children are particularly worrisome. Parties to the conflict should comply with international law and take measures to protect civilians from all forms of violence, including sexual violence and human trafficking against women and girls, he said.
The use of sexual violence as a tactic of war is a serious crime. Any allegations should be investigated impartially on the basis of facts, he said.
Since the outbreak of the conflict, 6.8 million Ukrainian people have crossed borders into neighboring countries for refuge, the vast majority of whom are women and children. China appreciates the humanitarian spirit shown by Ukraine’s neighbors in providing safe shelter and basic livelihood for women and children refugees. Meanwhile, the growing number of cases of human trafficking, sexual exploitation and sexual abuse is disturbing, he said.
China calls for immediate international cooperation to identify and punish relevant criminal acts. The relevant UN agencies should strengthen monitoring and analysis and provide professional and technical support to combat human trafficking, sexual exploitation, and sexual abuse against Ukrainian refugees, he said. ■
Photo 1 – A fireman works on the debris of a destroyed building in Donetsk, May 27, 2022. (Photo by Diego Herrera/Xinhua)
Photo 2 – People sit in front of a damaged residential building in the port city of Mariupol, May 30, 2022. (Photo by Victor/Xinhua)