Connect with us

Economy

အကောက်ခွန် စိစစ်မှုအပေါ် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် BRICS အဖွဲ့ဝင်နိုင်ငံများ အလေးအနက်ကတိပြု

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းရှိ BRICS ဖွံ့ဖြိုးတိုးတက်ရေးအသစ်ဘဏ် ရုံးချုပ်အဆောက်အဦ၏ အပေါ်စီးမြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

BRICS အဖွဲ့ဝင်နိုင်ငံများမှ အကောက်ခွန် အာဏာပိုင်များသည် ဇွန် ၇ ရက်က ပြုလုပ်သော အွန်လိုင်းအစည်းအဝေးတစ်ခုတွင် အကောက်ခွန်ပစ္စည်းများ စိစစ်မှု ပူးပေါင်းဆောင်ရွက်ရေးနက်ရှိုင်းစေရန် အလေးအနက်ကတိပြုခဲ့ကြကြောင်း သိရသည်။BRICS အဖွဲ့ဝင်နိုင်ငံများအကြား အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၃ ခုနှစ်က ပူးပေါင်းဆောင်ရွက်မှု ယန္တရားစတင် တည်ထောင်ချိန်မှစ၍ နှစ်ဖက်ကုန်သွယ်ရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကို ထိန်းသိမ်းကာ အောင်မြင်မှုအသီးအပွင့်ရလဒ်များ ရရှိ ပိုင်ဆိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေစီမံခန့်ခွဲမှုဌာန ဒုတိယအကြီးအကဲ Sun Yuning က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ BRICS နိုင်ငံများနှင့်အတူ နှစ်ဖက်ကုန်သွယ်ရေးတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၉၀ ဒသမ ၄၂ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ၊ နှစ်အလိုက်တိုးတက်မှု ၃၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၊ ယင်းကာလပိုင်းခြားအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ အားလုံး စုစုပေါင်းထက် ပိုမိုများပြားကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် အကောက်ခွန်အခြေခံအဆောက်အဦ၏ စိစစ်မှု ၊ စောင့်ကြည့်အကဲဖြတ်မှုနည်းလမ်းများ နှင့် အုပ်ချုပ်ရေးစီမံခန့်ခွဲမှု အဆင့်အတန်း မြင့်မားတိုးတက်ရန် ဖြည်းဖြည်းမှန်မှန်ဆောင်ရွက်သွားသင့်ကြောင်း နှင့် နယ်စပ်ဖြတ်ကျော်စီမံခန့်ခွဲရေးဌာနများအကြား နယ်စပ်ဖြတ်ကျော်ညှိနှိုင်းဆောင်ရွက်မှု အုပ်ချုပ်ရေးအစီအမံကို ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း Sun က ဆိုသည်။

လက်တလောကြုံတွေ့နေရသည့် အန္တရာယ်များ နှင့် စိန်ခေါ်မှုများကို ကျော်လွှားအောင် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးကွင်းဆက် ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် BRICS နိုင်ငံများအကြားစီးပွားရေးလျင်မြန်စွာဖြစ်ပေါ်တိုးတက်ရေး နှင့် ကုန်သွယ်မှု ပြန်လည်နလံထူရေး မြှင့်တင်ရန် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အကောက်ခွန်အာဏာပိုင်များ အနေဖြင့် အတူတကလက်တွဲကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တက်ရောက်လာသူများက အခိုင်အမာကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။(Xinhua)

—————————
(English Version)
BRICS countries pledge to deepen cooperation on intelligent customs
BEIJING, June 7 (Xinhua) — Customs authorities of BRICS countries vowed to deepen cooperation on intelligent customs at a virtual meeting on Tuesday.
Customs cooperation between BRICS countries has seen fruitful results since the establishment of the cooperation mechanism in 2013, while bilateral trade has maintained steady growth, said Sun Yuning, deputy head of the General Administration of Customs of China.
China’s bilateral trade with BRICS countries totaled 490.42 billion U.S. dollars in 2021, up 39.2 percent year on year, higher than the overall level of China’s foreign trade in the same period, official data shows.
All parties should gradually improve the intelligence level of customs infrastructure, supervision methods and administrative management, and form cross-border coordinated governance among border administration departments, Sun said.
Against current risks and challenges, the participants pledged to ensure that the customs authorities of BRICS countries continue to work together to safeguard the international supply chain and promote rapid economic and trade recovery among BRICS countries.

Aerial photo taken on Dec. 17, 2020 shows a panoramic view of the headquarters building of BRICS New Development Bank in east China’s Shanghai. (