Connect with us

Africa & Middle East

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်က အားလုံးပါဝင်မှုနှင့်ဟန်ချက်ညီသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကြောင်း ပါကစ္စတန်ပညာရှင် ပြောကြား

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ရှိ နန်ကျင်းဆိပ်ကမ်း Longtan ကုန်သေတ္တာဂိတ်အား မေ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်(GDI)က အားလုံးပါဝင်မှု နှင့် ဟန်ချက်ညီသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလိမ့်မည် ဖြစ်ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအား ပြည့်မီစေရန် ဖွံ့ဖြိုးတိုးတက်ရေးပိုင်းခြားမှုကို ပေါင်းကူးပေးကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ Karot ရေအားလျှပ်စစ်စီမံကိန်းအား ဧပြီ ၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ – CTG/Handout via Xinhua)

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် လာဟိုးမြို့စွန်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)လက်အောက်ရှိ Matiari-Lahore ဗို့အားမြင့်တိုက်ရိုက်ဓာတ်အားလိုင်း (HVDC) ထုတ်လွှတ်ခြင်း လိုင်းစီမံကိန်း၏ လာဟိုးကွန်ဗာတာစခန်းအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် တွေ့ရစဉ် (State Grid Corporation of China/Handout via Xinhua)

အစ္စလာမ်မာဘတ် မူဝါဒသုတေသနအဖွဲ့အစည်း၌ စီးပွားရေးလုံခြုံမှုဥက္ကဋ္ဌ Aneel Salman က ယင်းအဆိုပြုချက်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ အထူးသဖြင့် ပါကစ္စတန်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှုများကို တွန်းအားပေးရာတွင် အကောင်းဆုံးအဖြေပေးအပ်ကြောင်း မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အဆိုပြုချက်ကို အချိန်မီ နှင့် လူထုဗဟိုပြု အဖြစ် ဖော်ပြကာ ပညာရှင်က လူသားတို့အတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအား ပြည့်စုံစေကြောင်း ပြောကြားခဲ့သည်။

ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက်(BRI) အပါအဝင် စီးပွားရေးစံဆိုင်ရာ အခြားသော တရုတ်အဆိုပြုချက်များစွာသည် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုအား အထောက်အပံ့ပြုခဲ့ကြောင်း Salman ၏ ပြောကြားချက်အရ သိရသည်။
လူသိများပြီး အထင်ကရဖြစ်သည့် BRI စီမံကိန်းတစ်ခုဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)အောက်တွင် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအား အခြေခံအဆောက်အအုံ အထူးသဖြင့် စွမ်းအင် နှင့် သယ်ယူပို့ဆောင်ရေးစီမံကိန်းများ တည်ဆောက်ရေးတွင် ကူညီခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“CPEC အောက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဲ့ ဆေးရုံတွေ ၊ စာသင်ကျောင်းတွေ ၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးက ပါကစ္စတန်နိုင်ငံအတွက် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။”ဟု ပညာရှင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကာကွယ်ဆေးအကြိမ်ရေ သန်းပေါင်းများစွာ ၊ နှာခေါင်းစည်းများ နှင့် အခြားဆက်စပ်သည့် ပစ္စည်းများ ပေးအပ်ခြင်း နှင့် ကျွမ်းကျင်ပညာရှင်အဖွဲ့များ စေလွှတ်ခြင်းဖြင့် ပါကစ္စတန်နိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီများ ထပ်တိုးပေးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်သည် BRI ၏ လူနေမှုအဆင့်အတန်းအား မြှင့်တင်ရန် နှင့် ကမ္ဘာတစ်ဝှမ်း သာယာဝပြောမှုကို အားပေးမြှင့်တင်ရန် စွမ်းရည်ကို ထပ်မံအားကောင်းလာစေလိမ့်မည် ဖြစ်ကြောင်း မှတ်ချက်ပြုကာ စီးပွားရေးပညာရှင်က ယင်းအဆိုပြုချက်သည် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တက်ကြွအောင်လှုံ့ဆော်ခြင်း ၊ နိုင်ငံစုံပါဝင်မှုကို မြှင့်တင်ခြင်း နှင့် ပွင့်လင်းပြီး ညီမျှသော အားလုံးပါဝင်သည့် ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ခြင်းတို့တွင် အဓိကအခန်းကဏ္ဍတစ်ခုမှ ပါဝင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတိုင်းက ၎င်းတို့ကိုယ်တိုင်ရွေးချယ်ထားသည့် စီးပွားရေးလမ်းကြောင်းအား လိုက်နာရန် အခွင့်အရေးကို ထောက်ပံ့ပေးပြီး ရန်လိုမှု ၊ ပဋိပက္ခ နှင့် အခြားသူများ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ပယ်ချကြောင်း ပညာရှင်က ဖြည့်စွက်ပြောကြားခဲ့သည်။

“ကမ္ဘာကြီးဟာ နိုင်ငံတိုင်းက တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ချိတ်ဆက်ထားတဲ့ ကမ္ဘာ့ရွာကြီးတစ်ရွာ တစ်ရွာ ဖြစ်လာပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီအဆိုပြုချက်က အပ်နှင်းထားတဲ့ အကျိုးစီးပွား ဒါမှမဟုတ် တစ်ဖက်စောင်းနင်း ဖွံ့ဖြိုးတိုးတက်မှုပုံစံအပေါ်မှာ အခြေမခံပါဘူး ။ ဒါက အပြန်အလှန်ပံ့ပိုးမှုနဲ့ မျှဝေထားတဲ့ဖွံ့ဖြိုးတိုးတက်မှုပုံစံတစ်ခု ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)

GDI promotes inclusive, balanced global economic development, says Pakistani expert
“I think the world has become a global village where every country is connected with each other … the initiative is not based on vested interests or a one-sided development model. It is a shared development model with mutual support,” said Aneel Salman, chair of economic security at Islamabad Policy Research Institute.
by Raheela Nazir, Jiang Jiang
ISLAMABAD, June 9 (Xinhua) — The Global Development Initiative (GDI) proposed by China last year will promote inclusive and balanced global economic development, bridging the development divide to help meet the United Nation’s 2030 Sustainable Development Goals, an economist has said.
In a recent interview, Aneel Salman, chair of economic security at Islamabad Policy Research Institute, told Xinhua that the initiative provides the best solution to pressing challenges for countries worldwide, especially developing countries like Pakistan.
Describing the initiative as timely and people-centric, the expert said it complements China’s efforts to build a community with a shared future for mankind.
According to Salman, several other Chinese initiatives of economic value, including the Belt and Road Initiative (BRI), have bolstered global growth.
Under the China-Pakistan Economic Corridor (CPEC), a flagship BRI project, China has helped Pakistan build infrastructure, especially energy and transportation projects, said Salman.
“Construction of hospitals, schools, infrastructure, and the foreign investment under CPEC brought socio-economic development for Pakistan,” he said, adding that China has extended assistance to Pakistan’s fight against COVID-19 by providing millions of doses of vaccines, masks and other related equipment and sending over teams of experts.
Noting that the GDI would further strengthen the BRI’s ability to raise living standards and foster prosperity worldwide, the economist said that the initiative would play a key role in energizing global cooperation, promoting multilateralism and building an open, equal and inclusive world economy.
Salman added that China supports every country’s right to follow an economic path of its own choice and rejects aggression, conflict and interference in others’ internal affairs.
“I think the world has become a global village where every country is connected with each other … the initiative is not based on vested interests or a one-sided development model. It is a shared development model with mutual support,” Salman said. ■
Photo 1 – Aerial photo taken on May 6, 2022 shows a view of the Longtan Container Terminal of Nanjing Port in Nanjing, Jiangsu province. (Xinhua/Li Bo)
Photo 2 – Aerial photo taken on April 9, 2022 shows a view of the Karot Hydropower Project, a major project under the China-Pakistan Economic Corridor (CPEC), in Punjab province, eastern Pakistan. (CTG/Handout via Xinhua)
Photo 3 – Photo taken on Sept. 6, 2021 shows a view of the Lahore Converter Station of the Matiari-Lahore high-voltage direct current (HVDC) transmission line project under the China-Pakistan Economic Corridor (CPEC) on the outskirts of Lahore, in Pakistan’s eastern Punjab province. (State Grid Corporation of China/Handout via Xinhua)