Connect with us

Economy

တရုတ်နိုင်ငံ၏ ငွေကြေးအချက်အချာဖြစ်သော ရှန်ဟိုင်းတွင် ၂၀၂၃ ခုနှစ်အတွင်း ဂျီဒီပီတိုးတက်မှု ၅.၅ ရာခိုင်နှုန်းကျော်ရှိလာရန် ရည်မှန်းထား

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ဖူတုန်ဧရိယာအသစ်ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ငွေကြေးအချက်အချာဖြစ်သော ရှန်ဟိုင်းမြို့သည် ယခုနှစ်အတွက် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုကို ယခင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်ရန် မျှော်မှန်းထားကြောင်း ရှန်ဟိုင်းမြို့တော်ဝန် Gong Zheng က ဇန်နဝါရီ ၁၁ ရက်၌ တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။

ဒုတိယမြောက်နှစ်အဖြစ် ရှန်ဟိုင်းမြို့၏ ဂျီဒီပီသည် ၂၀၂၂ ခုနှစ်၌ ယွမ် ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉၀ ဘီလီယံခန့်) ကျော်လွန်ခဲ့ကြောင်း လက်ရှိကျင်းပနေသော ၁၆ ကြိမ်မြောက် ရှန်ဟိုင်းမြို့ ပြည်သူ့ကွန်ဂရက် ပထမအစည်းအဝေး၌ တင်သွင်းသော လုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua) xhtxs.cn/DDE

………………………………
China’s financial hub Shanghai targets 2023 GDP growth at over 5.5 pct

China’s financial hub Shanghai expects to notch a year-on-year gross domestic product (GDP) growth of over 5.5 percent this year, according to a government work report delivered by the city’s mayor Gong Zheng on Wednesday.
For the second year in a row, Shanghai’s GDP exceeded the four-trillion-yuan (about 590 billion U.S. dollars) threshold in 2022, according to the work report delivered at the ongoing first session of the 16th Shanghai Municipal People’s Congress: xhtxs.cn/DDE
Photo : Photo taken on April 11, 2022 shows a view of Pudong New Area in east China’s Shanghai. (Xinhua/Chen Jianli)