Connect with us

Economy

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကုန်ထုတ်လုပ်ငန်းစီမံကိန်း ၃၆ ခု လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် အီသလင်းထုတ်လုပ်မှုစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ် ၆၆.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံခန့်) ရှိသော စုစုပေါင်း ကုန်ထုတ်လုပ်မှုစီမံကိန်း ၃၆ ခုကို ဖေဖော်ဝါရီ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးသော စီမံကိန်းများတွင် စွမ်းအင်သစ်စီမံကိန်း ၅ ခု၊ သတင်းအချက်အလက်နည်းပညာ စီမံကိန်း ၉ ခု၊ နောက်ဆုံးပေါ် စက်ကိရိယာစီမံကိန်း ၆ ခုတို့ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယွမ် ၁၉.၅ ဘီလီယံ၊ ယွမ် ၁၇.၄ ဘီလီယံနှင့် ယွမ် ၈.၃ ဘီလီယံ အသီးသီးရှိကြောင်း ထျန်းကျင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဗျူရို ညွှန်ကြားရေးမှူး Yin Jihui က ပြောကြားခဲ့သည်။ (Xinhua)

………………………………
36 manufacturing projects signed in China’s Tianjin
A total of 36 manufacturing projects with an investment of 66.8 billion yuan (around 9.8 billion U.S. dollars) were signed on Tuesday in north China’s Tianjin Municipality, local authorities said.
The signed projects include five new energy projects, nine information technology projects, and six high-end equipment projects, with an investment of 19.5 billion yuan, 17.4 billion yuan, and 8.3 billion yuan, respectively, said Yin Jihui, director of the Tianjin industry and information technology bureau.
Photo: This aerial photo shows the construction site of an ethylene project in north China’s Tianjin, Feb. 9, 2023. (Xinhua/Sun Fanyue)