Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် ငလျင်ကယ်ဆယ်ရေးလုပ်ငန်း ၁၀ ရက်ကြာရှိလာသလို ကယ်ဆယ်ရေးအဖွဲ့များကလည်း အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေနေ

တူရကီနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ် Antakya မြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများအကြား ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော တရုတ် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) မှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ဝင်များပါဝင်သော ပူးတွဲကယ်ဆယ်ရေးအဖွဲ့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းမှာ ၁၀ ရက်ကြာရှိလာပြီဖြစ်သလို ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေတွေ့ရှိနေပြီး အေးခဲလှသော အပူချိန်၌ ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဦးထိပ်ထားလျက်ရှိသည်။

အသက် ၇၄ နှစ်အရွယ် Cemile Kekec သည် အင်အား ၇.၇ နှင့် ၇.၆ ရှိသော ငလျင်နှစ်ခု၏ ဗဟိုချက်ဖြစ်သည့် Kahramanmaras ပြည်နယ်ရှိ အပျက်အစီးများအောက်၌ ပိတ်မိနေသည်မှာ ၉ ရက်ကျော်ကြာမြင့်ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်က ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Demiroren သတင်းအေဂျင်စီအရ သိရသည်။ (Xinhua) xhtxs.cn/EIl

#Turkey #Survivors #Quake #RescueTeam #တူရကီ #အသက်ရှင်ကျန်ရစ်သူများ #ငလျင် #ကယ်ဆယ်ရေးအဖွဲ့
………………………………
Rescue teams continue to find survivors as quake relief enters 10th day in Türkiye
As quake rescue enters 10th day in Türkiye, lucky survivors continue to be found, while priority has been shifted to relief in freezing temperatures.
Cemile Kekec, a 74-year-old woman, was rescued on Wednesday after spending more than nine days trapped under the wreckage in the southern province of Kahramanmaras, the epicenter of the 7.7- and 7.6- twin earthquakes, according to the Demiroren News Agency. xhtxs.cn/EIl
Photo 1: A joint rescue group encompassing members of China Search and Rescue Team and a search and rescue team from the Hong Kong Special Administrative Region (HKSAR) carry out rescue operation among earthquake debris in Antakya, southern province of Hatay, Türkiye, Feb. 14, 2023. (Xinhua/Shadati)
Photo 2: A woman and her dog search on earthquake debris in Antakya in the southern province of Hatay, Türkiye, Feb. 14, 2023. (Xinhua/Shadati)
Photo 3: An ambulance is seen near earthquake debris in Antakya in the southern province of Hatay, Türkiye, Feb. 13, 2023. (Xinhua/Shadati)
Photo 4: People rest by their temporary shelter in Antakya in the southern province of Hatay, Türkiye, Feb. 14, 2023. (Xinhua/Shadati)