Connect with us

China

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည် ကွန်ဖရင့်ကို မတ်လနှောင်းပိုင်းတွင် ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့ရှိ အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) အပြည်ပြည်ဆိုင်ရာကွန်ဖရင့်ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) ၏ နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သော ဘိုးအောက်တွင် မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ယင်းဖိုရမ်၏ တရားဝင်ဝက်ဘ်ဆိုက်အရ သိရသည်။

ယခုနှစ် ဖိုရမ်ကို “မသေချာမရေရာသောကမ္ဘာကြီး – စိန်ခေါ်မှုများကြား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အော့ဖ်လိုင်း (offline) အစီအစဉ်မှတစ်ဆင့် ကျင်းပမည်ဖြစ်သည်။

ယင်းဖိုရမ်သို့ ကမ္ဘာတစ်ဝန်းမှ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာနှင့် မီဒီယာများမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်သလို ကိုဗစ်အလွန်ကာလ၌ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနည်းလမ်းများကို ရှာဖွေကြမည်ဖြစ်ကြောင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Boao Forum for Asia to hold annual conference in late March
The Boao Forum for Asia (BFA) will hold its annual conference from March 28 to 31 in Boao, a coastal town in China’s island province of Hainan, according to the official website of the forum.
This year’s forum will be held entirely offline under the theme “An Uncertain World: Solidarity and Cooperation for Development amid Challenges.”
Representatives of governments, business, academia and media from all over the world will be invited to attend the event, seeking strategies for development in the post-COVID era and ways to deepen cooperation in the international community, according to the website. xhtxs.cn/EMG
Photo: Photo taken on April 19, 2022, shows the Boao Forum for Asia (BFA) International Conference Center in Boao, south China’s Hainan Province.(Xinhua/Yang Guanyu)