Connect with us

Asia

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ဒေသတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေး ထိန်းသိမ်းရန် ကတိပြု

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- Presidential Press Bureau/Handout via Xinhua)

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုသည် အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဖေဖော်ဝါရီ ၂၂ ရက်က ဂျကာတာမြို့၌ တွေ့ဆုံခဲ့ပြီးဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရန် နှစ်နိုင်ငံ ကတိပြုခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံစဉ် ဝီဒိုဒိုက မကြာမီကျင်းပမည့် တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ စသည့် အစည်းအဝေးကြီးများ အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆန္ဒပြုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များကြား ဘာလီအစည်းအဝေး၌ ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ရေးနှင့် လာမည့် အဆင့်မြင့် ကူးလူးဆက်ဆံဖလှယ်မှုများအတွက် နှစ်နိုင်ငံ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China, Indonesia vow to safeguard regional peace, stability
Indonesian President Joko Widodo met with visiting Chinese Foreign Minister Qin Gang here on Wednesday, as both sides promised to jointly maintain regional peace and stability.
Widodo, during the meeting, wished a successful outcome of the upcoming sessions of China’s National People’s Congress (NPC) and the National Committee of the Chinese People’s Political Consultative Conference (CPPCC).
He expected both sides to step up the implementation of the consensus reached at the Bali meeting between the two heads of state and duly prepare for the next phase of high-level exchanges. xhtxs.cn/EYq
Photo : Indonesian President Joko Widodo meets with visiting Chinese Foreign Minister Qin Gang in Jakarta, Indonesia, Feb. 22, 2023. (Presidential Press Bureau/Handout via Xinhua)