Connect with us

China

တရုတ်နိုင်ငံက ဖွံ့ဖြိုတိုးတက်မှုမြှင့်တင်ရန် သယ်ယူပို့ဆောင်ရေးကွန်ရက် တိုးချဲ့လျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ဖူကျန့်-ရှမန် မြန်နှုန်းမြင့်ရထားလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ချွမ်ကျိုး ပင်လယ်အော်ဖြတ်ကျော်တံတားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လွန်ခဲ့သောငါးနှစ်တာအတွင်း နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကွန်ရက်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ရာတွင် အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အနာဂတ်တွင် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်တစ်ခု တည်ဆောက်ရေး အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။

၂၀၁၈-၂၀၂၂ ခုနှစ်ကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်းနှင့် အဝေးပြေးလမ်းကွန်ရက်များနှင့် ကမ္ဘာ့အဆင့်မီဆိပ်ကမ်းများကို တည်ဆောက်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး လီရှောင်ဖုန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစနစ်တွင် မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၇ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၂.၄၆ ထရီလီယံခန့်) ရှိခဲ့ကြောင်း လီက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဘက်စုံသယ်ယူပို့ဆောင်ရေးကွန်ရက်၏ စုစုပေါင်းအရှည်မှာ ကီလိုမီတာ ၆ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China expands transport network to boost development
China has made notable achievements in improving its transport infrastructure network and transport services over the past five years, and will advance the construction of a comprehensive transport system in the future, the Ministry of Transport said on Thursday.
During the 2018-2022 period, China built the world’s largest high-speed railway and expressway networks, as well as a world-class port cluster, Li Xiaopeng, minister of transport, said at a press conference.
Fixed-asset investment in the country’s transport system exceeded 17 trillion yuan (about 2.46 trillion U.S. dollars) during the period, Li said.
By the end of 2022, the total length of the country’s comprehensive transport network exceeded 6 million km. xhtxs.cn/E0n
Photo: This stitched aerial photo taken on Feb. 4, 2023 shows the Quanzhou Bay cross-sea bridge, a part of the Fuzhou-Xiamen high-speed railway, in east China’s Fujian Province. (Xinhua/Zhou Yi)