Connect with us

Europe

ယူကရိန်းအကျပ်အတည်း အဖြေရှာရေး တရုတ်နိုင်ငံ၏စာတမ်း ရုရှား ချီးကျူးပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အအုံအနီး လမ်းလျှောက်သွားလာနေသူ တချို့ကို ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ထုတ်ပြန်သည့်စာတမ်းကိုရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကဖေဖော်ဝါရီ ၂၄ ရက်၌ ချီးကျူးပြောကြားခဲ့သည်။

ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကသာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ယူကရိန်းအကျပ်အတည်း အဖြေရှာရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်နိုင်အောင် အခြေအနေများဖန်တီးပေးရန် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများအတွက် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ထိုနေ့အစောပိုင်းက ထုတ်ပြန်သည့်စာတမ်းတွင် ဖော်ပြထားသည်။

“ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေကတစ်ဆင့် ယူကရိန်း ပဋိပက္ခအဖြေရှာရေး ပံ့ပိုးကူညီမှုဖို့ ကျွန်တော်တို့ရဲ့ တရုတ်မိတ်ဆွေတွေရဲ့ ပြင်းပြသည့်ဆန္ဒကို လွန်စွာတန်ဖိုးထားပါတယ်” ဟု ဝန်ကြီးဌာနပြောခွင့်ရသူ Maria Zakharova က ကြေညာချက်တွင် ပြောခဲ့သည်။ (Xinhua) xhtxs.cn/E3j

………………………………..
(English Version)
Russia commends China paper on Ukraine crisis settlement
The Russian Foreign Ministry on Friday praised a paper released by China stating its position on the political settlement of the Ukraine crisis.
In the document issued earlier in the day, China calls for international efforts to create conditions for the resumption of peace talks, saying that dialogue and negotiation are the only viable solution to the Ukraine crisis.
“We highly value the aspiration of our Chinese friends to contribute to a settlement of the conflict in Ukraine through peaceful means,” the ministry’s spokesperson Maria Zakharova said in a statement.
Photo: People walk near the building of the Russian Foreign Ministry in Moscow March 28, 2022. (Xinhua/Bai Xueqi)