Connect with us

China

ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ ပူးပေါင်းတိုးတက်မှုက ဖွံ့ဖြိုးတိုးတက်ရေးမောင်းနှင်မှုအသစ်ဖြစ်စေ

တရုတ်နိုင်ငံ မြောက်ပိုင်း ရှုံ့အန်းဧရိယာသစ်ရှိ ရှုံ့အန်းဘူတာရုံကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသဆိုင်ရာ အစုအဖွဲ့မြို့ တည်ဆောက်ရေး အဓိကကျသော မဟာဗျူဟာ ချမှတ်ဆောင်ရွက်ပြီး ၉ နှစ်အကြာ မြို့တော် ပေကျင်းနှင့် အနီးဝန်းကျင်ဒေသများ ပူးပေါင်းတိုးတက်မှုသည် ယခုအခါ အားအင်ပြည့် လည်ပတ်နေပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်အဖြစ်ရောက်ရှိလာခဲ့သည်။

ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ၂၀၂၂ ခုနှစ်တွင် ယွမ် ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံခန့်) ရှိခဲ့ပြီး လက်ရှိနှုန်းထားပမာဏနှင့် တွက်ချက်ပါက ၂၀၁၃ ခုနှစ်ကထက် ၁.၈ ဆ တိုးတက်လာခြင်းဖြစ်ကြောင်း ပေကျင်းမြို့တော်စာရင်းအင်းဗျူရိုမှ ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ (Xinhua) xhtxs.cn/E5I

………………………………….
(English Version)

Beijing-Tianjin-Hebei region’s coordinated development generates new growth driver

The coordinated development in Beijing and neighboring regions is now in full swing and has grown into a new driving force for China’s development, nine years after China launched a key strategy to build the Beijing-Tianjin-Hebei regional city cluster.
The Beijing-Tianjin-Hebei region’s gross domestic product (GDP) reached 10 trillion yuan (about 1.4 trillion U.S. dollars) in 2022, representing a 1.8-fold increase from 2013 at current prices, according to a report released by the Beijing Municipal Bureau of Statistics on Feb. 20.
Photo 1: This aerial photo taken on March 31, 2022 shows the Xiong’an Railway Station in Xiong’an New Area, north China’s Hebei Province. (Xinhua/Xing Guangli)