Connect with us

Europe

အီတလီနိုင်ငံ တောင်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူ ၆၃ ဦးအထိ မြင့်တက်လာ

အီတလီနိုင်ငံ တောင်ပိုင်း Calabria ဒေသ Cutro မြို့အနီးတွင် ကြက်ခြေနီ စေတနာ့ဝန်ထမ်းများနှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသော ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသွားသော ရုပ်အလောင်းတစ်ခုကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်၌ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော ရေယာဉ်နစ်မြုပ်မှုသည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းအထိဆိုလျှင် သေဆုံးသူ ၆၃ ဦးအထိ မြင့်တက်လာပြီး အခြား အသက်ရှင်ကျန်ရစ်သူ ၈၁ ဦး၊ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း အီတလီသတင်းမီဒီယာ၏ ယင်းနေ့တွင် ဖော်ပြချက်များအရ သိရသည်။သေဆုံးသူ ၆၃ ဦးအနက် အမျိုးသမီး ၂၁ ဦး ၊ ကလေးငယ် ၁၅ ဦး ပါဝင်ကြောင်း အီတလီ ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာန (RAI) သတင်းချန်နယ်ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ လက်ရှိတွင် လူကုန်ကူးမှုဖြင့် သံသယရှိသူ ၄ ဦးကို အီတလီသက်ဆိုင်ရာက ဖမ်းဆီးထားကြောင်း သိရသည်။
အီတလီ Corriere della Seraသတင်းဌာနကမူ သေဆုံးသူအရေအတွက်မှာ ၁၀၀ ကျော်ရှိနိုင်ကြောင်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)၏သတင်းကို ကိုးကား၍ ဖော်ပြထားသည်။ (Xinhua)
—————————-
意大利南部移民船沉没事故死亡人数升至63人
新华社罗马2月27日电据意大利媒体报道,截至27日晚间,日前在意南部海域发生的移民船沉没事故死亡人数上升至63人,另有81人幸存,数十人失踪,搜救工作仍在继续。
意大利广播电视台新闻频道网站报道,63名遇难者中包括21名妇女和15名儿童。目前已有4人因涉嫌人口贩卖被意方逮捕。意大利《晚邮报》引用国际移民组织的话报道,遇难者人数可能超过百人。
1.2月26日,在意大利南部卡拉布里亚大区库特罗附近,红十字会志愿者和海岸警察发现一具移民船沉船事故遇难者遗体。新华社/美联