Connect with us

Videos

ရှန်ဟိုင်းမြို့၌ eVTOL လေယာဉ်အား တရုတ်ထုတ်လုပ်သူက စမ်းသပ်သွားမည်

ရှန်ဟိုင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ရှန်ဟိုင်းမြို့ အခြေစိုက် တရုတ်လေယာဉ်ထုတ်လုပ်သူက ၎င်းတို့၏ ပထမဆုံး “လေယာဉ်တက္ကစီ” စမ်းသပ်ပျံသန်းမှုအား ယခုနှစ် ဒုတိယသုံးလပတ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။လေယာဉ်တက္ကစီသည် လျှပ်စစ်ဒေါင်လိုက် ပျံသန်း ၊ ဆင်းသက်နိုင်သည့် (eVTOL) လေယာဉ်တစ်စင်း ဖြစ်ပြီး အနာဂတ်တွင် မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ပိုမိုလျှင်မြန် ၊ ဘေးကင်းလုံခြုံပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသော နည်းလမ်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

အကွာအဝေး ကီလိုမီတာ ၂၀၀ သွားလာနိုင်ပြီး အလေးချိန် နှစ်တန်ရှိသည့် eVTOL လေယာဉ် M1 သည် ခရီးသည် ငါးဦးအထိ သယ်ဆောင်ပျံသန်းနိုင်သည်။ ယင်းတွင် အသုံးပြုနိုင်သည့်လမ်းညွှန် အမျိုးမျိုး ပါရှိပြီး ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးအား စွမ်းဆောင်နိုင်သည်။

Vertaxi တည်ထောင်သူ နှင့် CEO ဖြစ်သူ XIE LING က “ eVTOL လေယာဉ်တွေ ပျံသန်းတာက ပိုပြီးတော့ လွယ်ကူလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အနာဂတ်မှာ eVTOL လေယာဉ်တွေ လွယ်ကူအဆင်ပြေစွာ ပျံသန်းဆင်းသက်နိုင်ဖို့ မြို့တွေမှာ မီတာ ၅၀၀ ကနေ ၁,၀၀၀ တိုင်းမှာ လေယာဉ် ပျံသန်းဆင်းသက်တဲ့ နေရာအများအပြားရှိလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

——————————
Chinese manufacturer to test eVTOL aircraft in Shanghai
A Chinese aircraft manufacturer based in Shanghai will conduct the trial flight of its first “air taxi” in the second quarter of this year.

The “air taxi” is an electric vertical takeoff and landing (eVTOL) aircraft, which promises a faster, safer and greener way of urban transportation in the future.
With a designed range of 200 kilometers, the two-ton eVTOL aircraft M1 can carry up to five passengers. It has a wide range of application scenarios and can achieve zero carbon emissions.

SOUNDBITE 1 (Chinese): XIE LING, Founder and CEO of Vertaxi
“We believe that flying eVTOL aircraft will become easier.”

SOUNDBITE 2 (Chinese): XIE LING, Founder and CEO of Vertaxi
“We hope that in the future, there will be a large number of aprons every 500 to 1,000 meters in cities to facilitate eVTOL aircraft to take off and land.”
Xinhua News Agency correspondents reporting from Shanghai, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.