Connect with us

Africa & Middle East

တူရကီတွင် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၅,၄၃၄ ဦးအထိမြင့်တက်လာ

တူရကီနိုင်ငံ Kahramanmaras ပြည်နယ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအပျက်အစီးများကြား အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးနှင့် ခွေးတစ်ကောင်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးရသူဦးရေမှာ ဖေဖော်ဝါရီ ၈ ရက်တွင် ၅,၄၃၄ ဦးအထိရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူဦးရေမှာလည်း ၃၁,၇၇၇ဦး ရှိပြီဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြောကြားခဲ့သည်။

“ရာသီဥတုအခြေအနေက အလွန်အမင်းဆိုးရွားနေတယ်၊ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပျက်စီးခဲ့တဲ့ ဒေသတွေကိုရောက်ရှိရုံမျှပဲရှိပါသေးတယ်” ဟု ကာကွယ်ရေးဝန်ကြီး Hulusi Akar နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် Koca က ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ကြောင့်ထိခိုက်ခဲ့ရသည့်ဒေသများတွင် ပိတ်မိနေသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

…………………………..

Death toll from massive quakes rises to 5,434 in Türkiye

The death toll in Türkiye’s devastating earthquakes climbed to 5,434 on Tuesday, while the number of injuries rose to 31,777, Turkish Health Minister Fahrettin Koca said.

“Weather conditions are extremely harsh. Rescue workers barely reached the damaged regions,” Koca said at a joint press conference with Defense Minister Hulusi Akar, adding that the teams are still searching for trapped survivors in the quake-hit zones.

Photo 1: A rescuer and a dog search for survivors among the rubble of a building destroyed by a powerful earthquake in Kahramanmaras, Türkiye, on Feb. 7, 2023. (Photo by Mustafa Kaya/Xinhua)

Photo 2: Rescuers search for survivors among the rubble of a building destroyed by a powerful earthquake in Kahramanmaras, Türkiye, on Feb. 7, 2023. (Photo by Mustafa Kaya/Xinhua)

Photo 3: This mobile phone photo taken on Feb. 7, 2023 show is a building destroyed by an earthquake in Kahramanmaras, Türkiye. (Xinhua/Li Zhenbei)

Photo 4: This photo taken on Feb. 7, 2023 shows a building damaged by an earthquake in the Elbistan district of Kahramanmaras Province, Türkiye.(Xinhua/Shadati)