Connect with us

Videos

အမေရိကန်နိုင်ငံနှင့် စစ်ရေးလေ့ကျင့်မှု အဆုံးသတ်ရေးအတွက် တောင်ကိုရီးယား ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများ တောင်းဆို

ဆိုးလ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ် နှင့် ဒေသတွင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန်နိုင်ငံ နှင့် စစ်ရေးလေ့ကျင့်မှုများအား အဆုံးသတ်ရေးအတွက် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယား ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။ရာနှင့်ချီသော ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူသည် မတ် ၁၃ ရက်တွင် စတင်ကာ မတ် ၂၃ ရက်အထိ ၁၁ ရက်ကြာမြင့်မည့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု Freedom Shield (FS) အား ရပ်တန့်ရေး တောင်းဆိုရန် ဆိုးလ်မြို့လယ်ရှိ သမ္မတရုံးအနီး စုရုံးခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများက ဆိုးလ်မြို့တော်အစိုးရအဆောက်အအုံဘေး ပလာဇာတစ်ခုသို့ ၃.၆ ကီလိုမီတာခန့် တန်းစီကာ ချီတက်ဆန္ဒပြခဲ့ကြပြီး ထိုနေရာသို့ ရောက်ရှိချိန်တွင် ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

လက်မှတ်သန်း ၁၀၀ စုဆောင်းခြင်းဖြင့် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေးအတွက် လှုပ်ရှားမှုတစ်ရပ် ဖြစ်သည့် Korea Peace Appeal က ငြိမ်းချမ်းရေးဆန္ဒပြပွဲနှင့် ချီတက်ဆန္ဒပြမှုအား စီစဉ်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
S. Korean peace activists cry out for end to war exercise with U.S.
South Korean peace activists have cried out over the weekend for an end to the war exercise with the United States as it was feared to escalate military tensions on the Korean Peninsula and in the region.
Hundreds of peace activists gathered near the presidential office in central Seoul on Saturday to demand the stopping of the Freedom Shield (FS), the South Korea-U.S. joint military exercise that kicked off on Monday and would last for 11 days until March 23.

The protesters marched about 3.6 km in line to a plaza beside the Seoul metropolitan government building, where thousands more joined the protest rally.
The peace rally and march were organized by Korea Peace Appeal, a campaign to officially end the 1950-53 Korean War by collecting 100 million signatures.
Xinhua News Agency correspondents reporting from Seoul.
(XHTV)