Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံ ဆက်ဆံရေး တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Asad Majeed Khan တို့ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် မတ် ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Asad Majeed Khan အား ပေကျင်းမြို့ လက်ခံတွေ့ဆုံကာ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် ချစ်ကြည်ရင်းနှီးမှုကို အဆင့်မြှင့်တင်ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား သံမဏိချစ်ကြည်ရေးသည် အချိန်ကာလ၏ စမ်းသပ်မှုနှင့် ပြောင်းလဲနေသော နိုင်ငံတကာအခင်းအကျင်း စသည်တို့၌ ကြံ့ကြံ့ခံရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားများနှင့် ဆက်စပ်သော ကိစ္စရပ်များကို ခိုင်မာစွာထောက်ခံခဲ့ခြင်းအတွက် ပါကစ္စတန်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ချင်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များက ရရှိထားသော သဘောတူညီထားချက်များကို အကောင်အထည်ဖော်ရေး၊ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ရေးနှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးနှင့် နှစ်နိုင်ငံ အလုံးစုံပူးပေါင်းဆောင်ရွက်ရေးတို့၌ ကြီးမားစွာတိုးတက်မှုရှိရန် တွန်းအားပေးရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း ချင်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM meets Pakistani foreign secretary on bilateral ties
BEIJING, March 17 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang on Friday met with Pakistani Foreign Secretary Asad Majeed Khan in Beijing, saying that China will advance and deepen friendly cooperation with Pakistan.
Noting that the iron-clad friendship between China and Pakistan has withstood the test of time and the changing international landscape, Qin said China appreciates Pakistan for its strong support on issues concerning China’s core interests.
China stands ready to work with Pakistan to implement the consensus reached by the leaders of the two countries, unswervingly advance and deepen friendly cooperation, and push for greater progress in the construction of the China-Pakistan Economic Corridor and bilateral all-round cooperation, Qin said.
Photo: Chinese State Councilor and Foreign Minister Qin Gang meets with Pakistani Foreign Secretary Asad Majeed Khan in Beijing, capital of China, March 17, 2023. (Xinhua)