Connect with us

Asia

ဝါကာယာမမြို့၌ မိန့်ခွန်းပြောကြားစဉ်ပေါက်ကွဲမှုဖြစ်ပွားရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ထိခိုက်ခြင်းမရှိ၊ သံသယရှိသူ ဖမ်းမိ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မိန့်ခွန်းပြောကြားနေသော ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Toru Hanai/Pool via Xinhua)

တိုကျို၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါသည် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောကြားရန် နိုင်ငံ အနောက်ပိုင်း ဝါကာယာမမြို့သို့ ရောက်ရှိနေစဉ် ၎င်းအား မီးခိုးဗုံးဖြစ်ဖွယ်ရှိသော အရာဖြင့် ပစ်ခံရပြီးနောက် ထိခိုက်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ဒေသခံမီဒီယာအရ သိရသည်။

ခီရှီဒါသည် ဝါကာယာမြို့၌ သွားရောက်နေစဉ် ဆိပ်ကမ်းတစ်ခု၌ ပိုက်ပုံသဏ္ဌာန် ဗုံးဖြင့် ပစ်ခံရခြင်းဖြစ်ကြောင်း NHK အသံလွှင့်ရုံက ရဲသတင်းရင်းမြစ်များအား ကိုးကားလျက် သတင်းဖော်ပြခဲ့သည်။

ခီရှီဒါသည် နံနက် ၁၁:၃၀ နာရီခန့်က မီးခိုးများထွက်နေသော ထိုအရာဝတ္ထုဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရကြောင်း၊ အခင်းဖြစ်ပွားချိန်က ခီရှီဒါသည် အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲအတွက် အဆောက်အအုံပြင်ပ၌ မိန့်ခွန်းပြောကြားရန် ပြင်ဆင်နေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Kyodo News နှင့် အခြားမီဒီယာက ဆိုသည်။

ဝန်ကြီးချုပ် ခီရှီဒါသည် လက်ရှိတွင် ဝါကာယာမ စီရင်စု ရဲဌာနချုပ်တွင် ရှိနေပြီး ယင်းနေရာတွင် အများပြည်သူများ မိန့်ခွန်းပြောကြားမည့် အစီအစဉ်များကို ပယ်ဖျက်ခဲ့ရကြောင်း Kyodo News က ဖော်ပြထားသည်။ (Xinhua)

………………………………………………
(English Version)
Japanese PM uninjured after explosion at Wakayama speech, suspect arrested
TOKYO, April 15 (Xinhua) — Japanese Prime Minister Fumio Kishida on Saturday was evacuated unscathed after an object that appeared to be a smoke bomb was thrown near him during his visit to western Japan’s Wakayama City for a stump speech, local media reported.
The suspect, who appeared to have thrown the pipe-like bomb at a port in Wakayama where Kishida was visiting, has been arrested, national broadcaster NHK reported, citing police sources.
The object, resembling a flare with smoke, was thrown at Kishida at around 11:30 a.m. local time while he was preparing to deliver an outdoor speech supporting the by-election of the House of Representatives, according to Kyodo News and other media outlet.
Kishida, currently at the Wakayama Prefecture main police headquarters, canceled his public speech in the area, Kyodo News reported.
Photo: Japan’s new Prime Minister Fumio Kishida speaks during a press conference at prime minister’s official residence in Tokyo, Japan, on Oct. 4, 2021. (Toru Hanai/Pool via Xinhua)