Connect with us

China

တရုတ်နိုင်ငံတွင် Volkswagen က စင်တာအသစ် တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် (FTZ) ဟဲဖေဧရိယာတွင် Volkswagen Anhui MEB (Modular Electric Drive Matrix) စက်ရုံတည်ဆောက်မှုမြင်ကွင်းကို ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် Volkswagen က ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ဝယ်ယူမှုဆိုင်ရာ စင်တာအသစ်တည်ဆောက်ရေးအတွက် ယူရို ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံမည်ဟု Volkswagen Group က လက်ရှိကျင်းပနေဆဲ ဖြစ်သော Auto Shanghai 2023 တွင် ဧပြီ ၁၈ ရက်က ကြေညာခဲ့သည်။

100%TechCo ဟု အမည်ပေးထားသော အဆိုပါ စင်တာသစ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော် ဟဲဖေတွင် တည်ဆောက်မည်ဖြစ်သည်။

အဆိုပါစင်တာအား ၂၀၂၄ ခုနှစ် အစောပိုင်း၌ ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားပြီး ဝယ်ယူမှု၊ သုတေသနနှင့် တီထွင်မှု (R &D) ကဏ္ဍများအတွက် ဝန်ထမ်း၂,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။

၎င်းစင်တာအနေဖြင့် ထုတ်ကုန်နှင့် နည်းပညာအသစ်များ တီထွင်မှုကြာမြင့်ချိန်ကို ၃၀ ရာခိုင်နှုန်းခန့်အထိ ဖြည်းဖြည်းချင်း လျှော့ချသွားမည်ဟု မျှော်မှန်းထားသည်။

100%TechCo တည်ဆောက်ခြင်းသည် ကုမ္ပဏီ၏ “တရုတ်နိုင်ငံတွင်၊ တရုတ်နိုင်ငံအတွက်” မဟာဗျူဟာ၏ အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Volkswagen to invest 1.1 bln USD in building new center in China
HEFEI, April 19 (Xinhua) — Volkswagen will invest around 1 billion euros (about 1.1 billion U.S. dollars) to establish a new development, innovation and procurement center in China, the Volkswagen Group announced on Tuesday at the ongoing Auto Shanghai 2023.
The new center, with the project name 100%TechCo, will be set up in Hefei, capital of east China’s Anhui Province.
The center is expected to be launched in early 2024 and will comprise more than 2,000 employees from procurement and R&D. It is expected to gradually shorten the development time of new products and technologies by around 30 percent.
The establishment of 100%TechCo is an important step of the company’s “in China, for China” strategy, according to Brandstaetter.
Photo: This aerial photo taken on July 4, 2022 shows the Volkswagen Anhui MEB (Modular Electric Drive Matrix) plant under construction in the Hefei area of the pilot free trade zone (FTZ) in east China’s Anhui Province. (Xinhua)