Connect with us

China

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ၏ သမ္မတများ ရှီးအန်းမြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် တရုတ်-အလယ်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ထားသည်ကို ၂၀၂၃ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

အလယ်အာရှနိုင်ငံ ၅ နိုင်ငံ၏ သမ္မတများသည် မေ ၁၈ ရက်နှင့် ၁၉ ရက်၌ ကျင်းပမည့် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တို့က မေ ၁၇ ရက်တွင်လည်းကောင်း၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov တို့က မေ ၁၈ ရက်တွင်လည်းကောင်း အသီးသီးရောက်ရှိလာခဲ့သည်။

၎င်းတို့အား ရှီးအန်း ရှန်ယန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခါးချည်ဗုံတိုတီးခတ်ခြင်းနှင့် “ယန်းကဲ” အကများ အပါအဝင် ရိုးရာဖျော်ဖြေတင်ဆက်မှုများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့သည်။ (Xinhua)

………………………………
(English Version)
5 Central Asian countries’ presidents all arrive in Xi’an for China-Central Asia Summit
XI’AN, May 18 (Xinhua) — The presidents of five Central Asian countries have all arrived in Xi’an, northwest China’s Shaanxi Province, to attend the China-Central Asia Summit, which is scheduled for Thursday and Friday.
Kazakh President Kassym-Jomart Tokayev, Tajik President Emomali Rahmon, and Kyrgyz President Sadyr Japarov arrived on Wednesday. Uzbek President Shavkat Mirziyoyev and Turkmen President Serdar Berdimuhamedov arrived on Thursday.
They were greeted by folk performances including waist drum and Yangge dances at the Xi’an Xianyang International Airport.
Photo: Tourists take photos with an installation of the China-Central Asia Summit in Xi’an, northwest China’s Shaanxi Province, May 16, 2023. (Xinhua/Li Yibo)