Connect with us

China

တရုတ်နိုင်ငံထုတ် ကားအတက်/အဆင်းပြုလုပ်နိုင်သော ခရီးသည်တင်ဇိမ်ခံသင်္ဘော အီတလီနိုင်ငံသို့ ထွက်ခွာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား၏ လူလုပ်ကျွန်းကို ဖြတ်သန်းသွားသော ပင်လယ်ကူးသင်္ဘောတစ်စင်းကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ မေ ၁၆ ရက် (ဆင်ဟွာ)

မော်တော်ကားများ အတက်/အဆင်း ပြုလုပ်နိုင်သော ခရီးသည်တင်ဇိမ်ခံသင်္ဘော Moby Fantasy သည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးပြည်နယ်မှ အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

Guangzhou Shipyard International ကုမ္ပဏီလီမိတက်က ကိုယ်တိုင်တည်ဆောက်ထားသော အဆိုပါ ပင်လယ်ကူးသင်္ဘောကြီးသည် ခရီးသည်ပေါင်း ၂,၅၀၀ နှင့် မော်တော်ကား အစီးရေ ၈၀၀ ခန့် တင်ဆောင်နိုင်စွမ်းရှိပြီး ယင်းသင်္ဘောကို အီတလီ သင်္ဘောကုမ္ပဏီ Moby ထံ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

သင်္ဘောဝမ်းပမာဏနှင့်ညီမျှသော ရေထုအလေးချိန် အများဆုံး တန်ချိန် ၇၀,၀၀၀ ကျော်ရှိသော Moby Fantasy သင်္ဘောသည် မြေထဲပင်လယ် သင်္ဘောလမ်းကြောင်း Livorno-Olbia ၌ ပြေးဆွဲမည်ဖြစ်ပြီး သင်္ဘောထွက်ခွာစဉ် အခန်းပေါင်း ၅၀၀ ကျော်နှင့် ဖျော်ဖြေရေးဆိုင်ရာအခန်းပေါင်းများစွာ ပါရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Chinese-made “ro-ro” passenger ship sails to Italy
GUANGZHOU, May 16 (Xinhua) — The luxury “ro-ro” (roll-on/roll-off) passenger ship Moby Fantasy set sail for Italy from south China’s Guangzhou.
Independently built by Guangzhou Shipyard International Co., Ltd., the giant liner has a capacity of 2,500 passengers and around 800 vehicles, and it will be delivered to the Italian shipping company Moby.
With a maximum displacement of over 70,000 tonnes, Moby Fantasy will operate on the Mediterranean ferry route Livorno-Olbia, with more than 500 cabins and multiple entertainment facilities on board.
Photo: A cruise ship sails past the artificial islands of the Hong Kong-Zhuhai-Macao Bridge, south China, July 27, 2018. (Photo by Hao Xiaotian/Xinhua)