Connect with us

Science & Technology

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် 5 G အခြေစိုက်စခန်း ၃၉,၀၀၀ တည်ဆောက်ထား

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများက 5G အခြေစိုက်စခန်းတွင် စက်ပစ္စည်းများ တပ်ဆင်နေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ - တရုတ်နိုင်ငံ ရှင်းကျန်းဒေသ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး ဦးစီးဌာန)

ဝူးလူမုချီ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ တည်ဆောက်ပြီးသော 5G အခြေစိုက်စခန်းပေါင်း ၃၉,၀၀၀ ရှိကြောင်း ယင်းဒေသအစိုးရက ယနေ့ (မေ ၁၇ ရက်)တွင် ပြောကြားခဲ့သည်။လက်ရှိတွင် ဒေသတစ်ခုလုံးရှိ ခရိုင်အဆင့်မြို့များ၊ ခရိုင်များနှင့် မြို့နယ် ၉၉.၁၆ ရာခိုင်နှုန်းတွင် 5 G ကွန်ရက် လွှမ်းခြုံထားပြီ ဖြစ်သည်။ ရှင်းကျန်းဒေသ၌ နေထိုင်သူ ၁၀,၀၀၀ တိုင်းအတွက် 5G အခြေစိုက်စခန်း ၁၅ ခုစီ ရှိကြောင်း သိရသည်။

ပြီးခဲ့သည်နှစ်က 5G အခြေစိုက်စခန်းအတွက် ရှင်းကျန်းဒေသ၏ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး ထုတ်ကုန်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယွမ် ၁.၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၄၄ သန်း ခန့်)ရှိကြောင်း ယင်းဒေသ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဦးစီးဌာန အကြီးအကဲ မာကျူချင်းက ပြောသည်။

ရှင်းကျန်းဒေသက အဓိကစက်မှုလုပ်ငန်းများတွင် 5G အသုံးပြုရေး ပေါင်းစည်းမှုဆန်းသစ်တီထွင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တရုတ်-ဥရောပ ကုန်တင်ရထား (ဝူးလူမုချီ) ကုန်စည်ထားသိုရာစင်တာတွင် စမတ် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ခြင်း အပါအဝင် သက်ဆိုင်ရာ စက်မှုလုပ်ငန်းပေါင်း ၇၀ တွင် 5G အသုံးပြုရန် ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

—————————
China’s Xinjiang builds 39,000 5G base stations
URUMQI, May 17 (Xinhua) — Northwest China’s Xinjiang Uygur Autonomous Region had built 39,000 5G base stations by the end of April 2023, amid the region’s efforts to push head with 5G networks, local authorities said on Wednesday.
Currently, all the region’s prefecture-level cities, all its counties and 99.16 percent of its townships are covered by 5G networks. There are 15 5G base stations for every 10,000 residents in Xinjiang.
Last year, Xinjiang’s information and communication industry invested 1.7 billion yuan (about 244 million U.S. dollars) in building 5G base stations, said Ma Zhuqing, head of the regional communications administration.
Xinjiang is also speeding up integration and innovation of its key 5G industrial applications, with 70 major 5G applications in relevant industries underway, including the construction of a smart land port in the China-Europe freight train (Urumqi) assembly center, Ma said.
1. 新疆信息通信行业的工作人员正在5G基站上安装设备。(受访单位供图)