Connect with us

Science & Technology

ကမ္ဘာ့အမြင့်ဆုံးရာသီဥတုစခန်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ပြီးစီး

ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၃၀ တွင်ရှိသော ချိုမိုလန်းမားတောင်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးလေဝသစခန်း၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ မေ ၂၃ ရက်၌ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။အဖွဲ့ဝင် ၁၃ ဦးပါဝင်သော တရုတ်စူးစမ်းလေ့လာရေးအဖွဲ့သည် မေ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၃၀၀ မီတာရှိ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ပြီး အချိန် ၈ နာရီကြာ ခက်ခဲကြမ်းတမ်းစွာ တောင်တက်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် အမြင့် ၈,၈၃၀ မီတာရှိ ရာသီဥတုစခန်းသို့ ရောက်ရှိခဲ့ကြောင်း အဆိုပါအဖွဲ့က အခြေစိုက်စခန်းရှိ အဖွဲ့ဝင်များကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့သည်။

တောင်တက်အဖွဲ့သည် သံမဏိကြိုးများ ချိတ်ဆက်ခြင်း ၊ ဘတ္ထရီများ လဲလှယ်ခြင်း ၊ လေတိုက်နှုန်း နှင့် ဦးတည်ရာလမ်းကြောင်း အာရုံခံကိရိယာများ တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီး အချိန်တစ်နာရီနီးပါး ကြာမြင့်ပြီးနောက် ရာသီဥတုစခန်းအား အဆင့်မြင့်တင်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

တရုတ်သုတေသီများသည် ၂၀၂၂ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၈,၈၃၀ တွင် အလေးချိန် ၅၀ ကီလိုဂရမ်ရှိသော အလိုအလျောက် မိုးလေဝသစောင့်ကြည်ရေးစခန်းကို တည်ဆောက်ခဲ့ပြီး ထိုကဲ့သို့စခန်းအမျိုးအစားတွင် ကမ္ဘာ့အမြင့်ဆုံးလည်း ဖြစ်သည်။

သုတေသီများသည် ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်တွင် ဂေဟစနစ် သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ကြိုးပမ်းအားထုတ်မှုများ၌ အထောက်အကူဖြစ်စေရန် ရေခဲမြစ်များနှင့် ရေအရင်းအမြစ်များအတွင်း အနာဂတ်မှာဖြစ်ပေါ်လာနိုင်သော ပြောင်းလဲမှုများကို သရုပ်ပြရန်နှင့် ကြိုတင်ခန့်မှန်းရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
Maintenance work of world’s highest weather station completed
MOUNT QOMOLANGMA BASE CAMP, Tibet, May 23 (Xinhua) — Maintenance work of the world’s highest weather station at an altitude of 8,830 meters on Mount Qomolangma was completed on Tuesday.
At approximately 3 a.m., a Chinese expedition team comprising 13 members embarked from the assault camp at 8,300 meters on Mount Qomolangma, and arrived at the station after eight hours of arduous climb, the team told members at the camp base via video link.
The team diligently worked on fixing steel ropes, replacing batteries, and installing wind speed and direction sensors. After nearly an hour, the weather station upgrade was successfully completed.
In 2022, Chinese researchers established the automatic meteorological monitoring station weighing 50 kg at an altitude of 8,830 meters, making it the world’s highest of its kind.
Researchers also plan to build models to simulate and predict the future changes in glaciers and water resources to aid ecological environment protection and sustainable development efforts in the Qinghai-Tibet Plateau.