Connect with us

Europe

ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့်တိုက်ခိုက်မှုနောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်း ရုရှားပြောကြား

ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော်အနီးတွင် မပျံသန်းရဇုန် အမှတ်အသားတစ်ခုကို ၂၀၂၃ ခုနှစ်၊ မေ ၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ဝါရှင်တန် ၊မေ ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကရင်မလင်နန်းတော်ကို မကြာသေးမီက ဒရုန်းတိုက်ခိုက်မှုနောက်ကွယ်တွင် အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ရှိနေသည်ကို ဖော်ပြထားသော အထောက်အထားများရှိကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အဲဒီအချက်အလက်တွေရှိပါတယ်။ အဲဒီအချက်အလက်တွေကို ကျွန်တော်တို့ရဲ့ အထူးအဖွဲ့ကနေ ရရှိထားတာပါ’’ ဟု ကရင်မလင်နန်းတော်ကို မေ ၃ ရက် ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု အပေါ် Peskov က ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်မှုတွင် အမေရိကန်၏ပါဝင်မှုအား ရုရှားက သိရှိထားသည်ကို အမေရိကန်အနေဖြင့် နားလည်ရမည်ဖြစ်ကြောင်း Peskov မှတ်ချက်ပြုခဲ့သည်။ “ပဋိပက္ခမှာ အခုလိုမျိုး တိုက်ရိုက်ပါဝင်မှုက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကို အမေရိကန်အနေနဲ့ နားလည်ဖို့လိုပါတယ်’’ ဟု Peskov က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်၏ ကရင်မလင်နန်းတော်ရှိ အိမ်တော်ကို ဒရုန်းနှစ်စင်းအသုံးပြု၍ တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံက ကြိုးပမ်းခဲ့ကြောင်း ရုရှားသမ္မတရုံးက မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

စစ်တပ်နှင့် အထူးတပ်ဖွဲ့များက ဒရုန်းများ၏ လုပ်ဆောင်ချက်ကို တားဆီးနိုင်ရန် စစ်ပွဲသုံးရေဒါစနစ်ကို အသုံးပြုခဲ့သည်ဟု ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

ထိုအချိန်မှာပင် ရုရှား၏ပြောဆိုချက်များသည် မှားယွင်းကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် အမေရိကန် အနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ဒေသခံမီဒီယာများကို ၎င်းကပြောကြားခဲ့ပါသည်။ (Xinhua)

………………………………
(English Version)
Russia says Washington behind drone attack on Kremlin
MOSCOW/WASHINGTON, May 4 (Xinhua) — Russia has evidence showing that the United States and Ukraine were behind the recent drone attack on the Kremlin, Kremlin spokesman Dmitry Peskov said Thursday.
“We have this data. The data that was received by our special service,” Peskov said about an attempted drone attack Wednesday on the Kremlin.
Peskov noted that the United States must understand that Russia is aware of its participation in the terrorist attack, saying that it’s important for Washington to “understand how dangerous such direct participation in the conflict really is.”
Russia’s presidential press service said Wednesday that Ukraine attempted to assassinate Russian President Vladimir Putin by using two drones to attack his Kremlin residence.
The Kremlin said the military and special services used radar warfare to put the unmanned aerial vehicles out of action.
Meanwhile, U.S. National Security Council spokesman John Kirby said Thursday that Russia’s claims are false. He told local media that “there was no involvement by the United States” in the attack. ■
A “No Fly Zone” sign is seen near the Kremlin in Moscow, Russia, on May 3, 2023. (Photo by Alexander Zemlianichenko Jr/Xinhua)