Economy
Air China က ပေကျင်း-တက်ရှ်ကန့် ပထမဆုံးသော တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း

တက်ရှ်ကန့်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air China က ဥဇဘက်ကစ္စတန်နိုင်ငံ၏ မြို့တော် တက်ရှ်ကန့်နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့အကြား ပထမဆုံးသော တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ဇူလိုင် ၁၉ ရက်တွင် စတင်ပျံသန်းခဲ့ကြောင်း သိရသည်။၎င်းပထမဆုံး လေကြောင်းခရီးစဉ်သည် ဇူလိုင် ၁၉ ရက်က တက်ရှ်ကန့် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားတစ်ခုလည်း ကျင်းပခဲ့သည်။တက်ရှ်ကန့်မြို့ရှိ Air China ကိုယ်စားလှယ် Li Guangping က အဆိုပါလေကြောင်းခရီးစဉ် အသစ်သည် တရုတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်များတွင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ယင်းလေကြောင်းခရီးစဉ် အသစ်သည် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်မှုများနှင့် အရင်းအမြစ်စီးဆင်းမှုများအတွက် ပိုမိုအဆင်ပြေ ထိရောက်သော လေကြောင်းခရီးစဉ် လမ်းကြောင်းတစ်ခုအဖြစ် ပံ့ပိုးပေးနိုင်မည်ဟု လီက ဆိုသည်။
ဥဇဘက်ကစ္စတန် လေဆိပ်ဝန်ဆောင်မှု (Uzbekistan Airports Handling) ၏ ပထမ လက်ထောက်ညွှန်ကြားရေးမှူး Umid Khamraev က ၎င်းလေကြောင်းခရီးစဉ် အသစ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကူညီပေးနိုင်မည်ဖြစ်သလို ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Boeing 737 လေယာဉ်များဖြင့် ပြေးဆွဲသော အဆိုပါ ပေကျင်း-တက်ရှ်ကန့် တိုက်ရိုက်လေကြောင်းခရီးစဉ် အသစ်သည် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————–
English Version
Air China launches direct flight between Beijing, Tashkent
TASHKENT, July 20 (Xinhua) — Chinese carrier Air China on Saturday launched its first direct flight route between Beijing and Tashkent, the capital of Uzbekistan.
The inaugural flight landed on Saturday at Tashkent International Airport, where a ceremony was held to mark the milestone.
Li Guangping, Air China’s representative in Tashkent, said that the new route will promote exchanges and cooperation between China and Uzbekistan in the fields of economy, trade, culture and tourism.
It will also provide a more convenient and efficient air corridor for people-to-people exchanges and the flow of resources between the two countries, said Li.
Umid Khamraev, first deputy director of Uzbekistan Airports Handling, said that the new air corridor will help further strengthen the friendly ties between the two countries and contribute to the development of tourism and economic and trade relations.
Operated with Boeing 737 aircraft, the newly launched Beijing-Tashkent flight runs every Tuesday, Thursday and Saturday.
English Caption
An aircraft of Air China takes off from Guarulhos Airport, on the outskirts of Sao Paulo, Brazil, on April 29, 2024. (Xinhua/Rahel Patrasso)