Africa & Middle East
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခိုက် ဆွီဒါပြည်နယ်တွင် အပစ်အခတ်ရပ်စဲမှုအား အဆင့်လိုက်ဖော်ဆောင်မှုကို ဆီးရီးယား ယာယီအစိုးရ စတင်

ဒမတ်စကပ်စ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
လူသေဆုံးမှုများ ဖြစ်ပွားခဲ့သော ဂိုဏ်းဂဏစွဲ ပဋိပက္ခများ ရက်အတန်ကြာ ဖြစ်ပွားနေခြင်းကို ရပ်တန့်ရန် ရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်ကို ဖော်ဆောင်ရန်အတွက် ဆီးရီးယား ယာယီအစိုးရက ဆွီဒါပြည်နယ် အနှံ့တွင် ဇူလိုင် ၁၉ ရက်က တပ်ဖွဲ့ဝင်များကို စတင်ဖြန့်ကြက်လျက်ရှိသည်ဟု ပြန်ကြားရေးဌာနမှ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ကနဦးအဆင့်၌ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန်၊ ထိန်းသိမ်းခံရသူများကို ပြန်လွှတ်ပေးရန်နှင့် ဓားစာခံများကို ကယ်တင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ပြိုင်ဘက် လက်နက်ကိုင်အုပ်စုများ၊ ဆွီဒါပြည်နယ်ရှိ ဒေသခံ အုပ်စုများ၊ အာရပ်မျိုးနွယ်စု လက်နက်ကိုင်များကို သီးခြားစီခွဲထုတ်မှုများ ပါဝင်ကြောင်း သိရသည်။
သဘောတူညီချက် ဒုတိယအဆင့်အရ အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှုနှင့် ဆေးဘက်ဆိုင်ရာ အကူအညီ ပေးပို့မှုများ ထိရောက်မြန်ဆန်ရေး၊ အခြေခံဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်နိုင်ရေး၊ အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးအတွက် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော အစိုးရ အရေးပေါ်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဆွီဒါပြည်နယ် အနောက်ပိုင်း ကျေးလက်ဒေသဖြစ်သည့် ဝိုလ်ဂါမြို့၌ တိုက်ပွဲများ ဖြစ်ပွားနေစဉ် အသင့်နေရာယူနေသော မျိုးနွယ်စု တိုက်ခိုက်ရေးသမားများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အခြေအနေ တည်ငြိမ်သွားချိန်တွင် တတိယအဆင့်အနေဖြင့် ယင်းပြည်နယ် အနှံ့အပြားတွင် အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသန္တရ အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်အောက်တွင် တရားဥပဒေ စိုးမိုးရေးအတွက် အာမခံထားသည့် ကနဦး သဘောတူညီချက်များနှင့်အညီ စနစ်တကျဖြင့် တဖြည်းဖြည်း ပြန်လည်ထားရှိသွားမည်ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ထိုအစီအမံများ ရှိနေသည့်တိုင် ဆွီဒါပြည်နယ် အနောက်ပိုင်းတွင် ဇူလိုင် ၁၉ ရက်က အကြမ်းဖက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ကာ ခေတ္တရပ်တန့်နေသည့် ပစ်ခတ်တိုက်ခိုက်မှုများ အကြီးအကျယ် ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒရုစ်ဇ် လက်နက်ကိုင်အုပ်စုများနှင့် ဘေဒူအင် မျိုးနွယ်စု တိုက်ခိုက်ရေးသမားများအကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ထိရှလွယ်သော အပစ်အခတ်ရပ်စဲမှုအား ချိုးဖောက်မှုများ ရှိခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5jy
…………………………………………..
(English Version)
Syrian interim gov’t begins phased implementation of ceasefire in Sweida as clashes continue
DAMASCUS, July 19 (Xinhua) — Syrian interim authorities’ forces on Saturday began deploying across Sweida province to implement the first phase of a ceasefire agreement aimed at halting days of deadly sectarian clashes, a source at the information authorities said.
The initial phase includes separating rival armed groups, local factions inside Sweida, and tribal Arab forces, as part of broader efforts to restore stability, release detainees, and evacuate hostages.
A government emergency committee has also been established, including multiple public institutions, to expedite the delivery of urgent humanitarian and medical aid, restore basic services, and repair infrastructure in line with the agreement’s second phase.
Once calm is secured, the third phase will see the gradual and organized redeployment of state institutions and internal security forces across the province, in accordance with prior understandings that guarantee the rule of law under the state’s authority, the source said.
Despite these measures, violence flared again Saturday in western Sweida, where heavy gunfire broke out following a short-lived lull. The Britain-based Syrian Observatory for Human Rights said the fragile ceasefire had been breached by renewed fighting between Druze armed groups and Bedouin tribal fighters.
English Caption 1
Members of Syrian security forces walk along a road lined with police vehicles on the outskirts of Sweida province, southern Syria, July 19, 2025. (Str/Xinhua)
English Caption 2
Tribal fighters take positions during clashes in the town of Wolgha, western countryside of Sweida, southern Syria, on July 18, 2025. (Str/Xinhua)