Connect with us

International Organizations

တံတောင်ဆစ်ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ ကျိန့်ချင်းဝန် နုတ်ထွက်

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်မှာ တံတောင်ဆစ်ဒဏ်ရာ ခွဲစိတ်မှုခံယူခဲ့ပြီးနောက် ယခုနှစ် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ဇူလိုင် ၂၁ ရက်၌ အတည်ပြုကြေညာခဲ့သည်။
လက်ရှိ ကမ္ဘာ့အဆင့်-၆ ဖြစ်ကာ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ် နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည့် ကျိန့်က ၎င်းအနေဖြင့် ညာဘက်တံတောင်ဆစ် ဒဏ်ရာအား အောင်မြင်စွာ ခွဲစိတ်ကုသခဲ့ပြီး ယခုအခါ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ဇူလိုင် ၁၉ ရက်က ဆိုရှယ်မီဒီယာပို့စ်တစ်ခု၌ ရေးသားခဲ့သည်။
“မကြာခင်က လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ ပြိုင်ပွဲတွေမှာ ကျွန်မရဲ့ ညာဘက်တံတောင်ဆစ်က နာကျင်နေတဲ့အတွက် တောက်လျှောက် စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်” ဟု ကျိန့်က ရေးသားခဲ့သည်။ “ကျွန်မ အဲဒီဖိစီးမှုတွေကို တောင့်ခံထားခဲ့ပေမဲ့ နာကျင်မှုဒဏ်ကို ခံစားနေရတုန်းပါပဲ။ တံတောင်ဆစ် အထူးကုဆရာဝန်တွေက ဒဏ်ရာကို စမ်းသပ်စစ်ဆေးပြီးနောက် ဒဏ်ရာအရှင်းပျောက်ကင်းဖို့ဆိုရင် ညာဘက်တံတောင်ဆစ်ကို သေးငယ်တဲ့ အဆစ်တွင်းကြည့်မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှု အမြန်ဆုံးခံယူဖို့ ကျွန်မနဲ့ ကျွန်မရဲ့အဖွဲ့ကို အကြုံပြုခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်မရဲ့အဖွဲ့နဲ့ လေးလေးနက်နက် ဆွေးနွေးပြီးနောက်မှာ တင်းနစ်ကွင်းထဲကို အကောင်းဆုံးပုံစံနဲ့ အမြန်ဆုံးပြန်လာနိုင်ဖို့ ခွဲစိတ်ကုသမှုခံယူတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မ မနေ့က ခွဲစိတ်ကုသမှု ပြီးစီးခဲ့ပြီး တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ ကျွန်မ ဒဏ်ရာကနေ ပြန်သက်သာလာပါပြီ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကျိန့်မှာ နယူးယောက်မြို့၌ ကျင်းပသည့် အဆိုပါ ဂရင်းစလင်းပြိုင်ပွဲတွင် နောက်ပိုင်းအဆင့်များသို့ ဆက်တိုက် တက်ရောက်ထားသူဖြစ်ပြီး ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲအား ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၇ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
“မကြာခင်မှာ ကျွန်မအနေနဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေကို အာရုံစိုက်လုပ်ဆောင်ပြီး တင်းနစ်ကွင်းထဲကို ကြံ့ခိုင်မှုအပြည့်နဲ့ အမြန်ဆုံးပြန်လာနိုင်ဖို့ ကြိုးစားသွားမှာပါ။ အခုလို ခဏတာ ချိန်ညှိပြင်ဆင်တာဟာ အနာဂတ်မှာ ပိုမိုသန်မာစွာနဲ့ ပြန်လာနိုင်ဖို့အတွက်ပါပဲ။ အားလုံးရဲ့ ပံ့ပိုးမှု၊ စိတ်ရှည်သည်းခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ခွန်အားအပြည့်နဲ့ ပြန်လာတာကို စောင့်ကြိုပေးကြပါ။ တင်းနစ်ကွင်းထဲမှာ ပြန်ဆုံကြပါမယ်” ဟု ကျိန့်က ပြောကြားခဲ့သည်။ (Xinhua)


……………..
(English Version)
Zheng Qinwen withdraws from US Open following elbow surgery
WASHINGTON, July 21 (Xinhua) — China’s Olympic champion Zheng Qinwen has pulled out of this year’s US Open tournament following an elbow surgery, the event’s organizers announced on Monday.
The sixth-ranked Zheng, two-time US Open quarterfinalist, said in a social media post last Saturday that she has undergone successful surgery on her right elbow and is now recovering.
“During recent training sessions and competitions, I have been consistently bothered by pain in my right elbow,” Zheng wrote. “Although I persisted through interventions, the impact of the pain persisted. After diagnosis by elbow specialists, they recommended to me and my team to complete minimally invasive arthroscopic surgery on the right elbow as soon as possible to thoroughly resolve the issue.”
“After careful discussion with my team, in order to return to the court in the best possible state as soon as possible, we decided that surgery was the best course. I completed the surgery yesterday, it went very smoothly, and I am in recovery,” she added.
A consistent presence in the latter stages of the Grand Slam event in New York, Zheng reached the women’s singles quarterfinals in 2023 and 2024. The 2025 US Open is scheduled to take place from August 24 to September 7.
“In the coming period, I will focus my efforts on rehabilitation training, striving to return to the court at 100 percent as soon as possible. This brief adjustment is for a stronger comeback in the future. Thanks, everyone, for your support and patience. Please wait for me to return to full strength, we will meet on the court,” she said.