Europe
လာမည့်သီတင်းပတ်အတွင်း ရုရှားနှင့် ဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် ယူကရိန်း ကမ်းလှမ်း

ကိဗ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တစ်ရပ် ပြုလုပ်ရန် အဆိုပြု ကမ်းလှမ်းထားကြောင်း ဇူလိုင် ၁၉ ရက်က ပြောကြားခဲ့သည်။အစ္စတန်ဘူလ်မြို့၌ ပြုလုပ်ခဲ့သော ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ရပ်တွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ Rustem Umerov က လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံရန် ရုရှားနိုင်ငံဘက်သို့ ကမ်းလှမ်းထားကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က ၎င်း၏ ဇူလိုင် ၁၉ ရက် ညနေပိုင်း နိုင်ငံတော်မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
“ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ အရှိန်အဟုန်ကို မြှင့်တင်ရပါမယ်” ဟု သမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ “အပစ်အခတ် ရပ်စဲဖို့အတွက် အရာအားလုံး လုပ်ဆောင်ရပါမယ်” ဟု ၎င်းက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Umerov ကို ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ဇူလိုင် ၁၈ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်၏ ယူကရိန်းနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူရန် ရက်ပေါင်း ၅၀ နောက်ဆုံးထားသည့် အစီအစဉ်ကို ဇူလိုင် ၁၅ ရက်တွင် ပယ်ချခဲ့ပြီး “ပြင်းထန်သော စည်းကြပ်ခွန်များ” ချမှတ်မည်ဟူသော ခြိမ်းခြောက်မှုကို လက်မခံနိုင်ကြောင်း သိရသည်။
ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov က ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ ပဋိပက္ခအား သံတမန်နည်းဖြင့် ဖြေရှင်းရန် ပို၍နှစ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————-
(English Version)
Ukraine proposes fresh talks with Russia next week
KIEV, July 20 (Xinhua) — Ukrainian President Volodymyr Zelensky said Saturday that Kiev has proposed to hold a new round of peace talks with Moscow next week.
Rustem Umerov, who headed the Ukrainian delegation in the previous two talks in Istanbul, had sent the Russian side the offer to hold the meeting next week, Zelensky said in his evening address to the nation.
“The momentum of the negotiations must be stepped up,” Zelensky said. “Everything should be done to achieve a ceasefire.”
Umerov, the former defense minister, was just appointed by the Ukrainian president as secretary of the National Security and Defense Council on Friday.
Russia on Tuesday rejected U.S. President Donald Trump’s 50-day ultimatum to agree to a Ukraine ceasefire, dismissing the threat of “severe tariffs” as unacceptable.
Russian Deputy Foreign Minister Sergey Ryabkov emphasized that Moscow favors a diplomatic resolution to the Ukraine conflict and is ready to negotiate.
English Caption
Ukraine’s President Volodymyr Zelensky arrives at the European Union headquarters in Brussels, Belgium, on Feb. 9, 2023 for the EU member states’ special summit. (Xinhua/Zheng Huansong)