Connect with us

Videos

အမေရိကန်နိုင်ငံ၏ အကြီးဆုံး လစ်သီယမ် မိုင်းတွင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်များထိခိုက်မည်ကို ဒေသခံအမေရိကန်မျိုးနွယ်စုများစိုးရိမ်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ အကြီးဆုံး လစ်သီယမ်ဓါတ်သတ္တုထွက်ရှိရာ မြောက်ပိုင်းနီဗားဒါးပြည်နယ် ရှိ ဝေးလံခေါင်ဖျားဒေသတွင်တည်ရှိသော Thacker Pass လစ်သီယမ် သတ္တုတွင်းအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ ဒေသခံ အမေရိကန်မျိုးနွယ်စုများနှင့် မွေးမြူရေး ခြံ နှင့် ယာမြေလုပ်ကိုင်သူများက စိုးရိမ်ပူပန်မှုများဖြစ်လာခဲ့သည်။ဒေသခံ အမေရိကန်မျိုးနွယ်စုဝင် တစ်ဦးဖြစ်သူ အသက် ၅၉ နှစ်အရွယ်ရှိ Myron Smart ဆိုသူက “ Thacker Pass မိုင်းတွင်းက ကျွန်တော်တို့ပြည်သူတွေကိုခြောက်လှန့်နေပါတယ်၊ ကျွန်တော်တို့ရဲ့ဘိုးဘေးအချို့ဟာ Thacker Pass မိုင်းတွင်းမှာ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရပါတယ်” ဟုဆိုသည်။

ထိုမြေမှာ အင်ဒီးယန်းနွယ်ဖွား အမေရိကန်နိုင်ငံသားများအတွက် အထွတ်အမြတ်ထားရာမြေဖြစ်ပြီး စီမံကိန်းက ဒေသခံ ပတ်ဝန်းကျင်ကို ထိခိုက်စေလိမ့်မည်ဟူသည့် အငြင်းပွားဖွယ်များဖြင့် ဖယ်ဒရယ်တရားရုံးတွင် တရားစွဲဆိုမှုများရှိခဲ့ကြောင်းသိရသည်။ (Xinhua)
……………………….
(English Version)
Native American tribes concerned over impact of U.S. largest lithium mine on culture heritage
LOS ANGELES, July 11 (Xinhua) — The planned Thacker Pass lithium mine in the remote north of Nevada, the largest known lithium deposit in the United States, has drawn concerns from environmental groups, Native American tribes and local ranchers.
Myron Smart, a 59-year-old Native American tribe member, said that “Thacker Pass is sacred to our people. Some of our ancestors were massacred in Thacker Pass.”
Lawsuits were filed in federal court, claiming that the land is sacred ground for American Indians and arguing that the project will damage the local environment.
Produced by Xinhua Global Service