Connect with us

Videos

ပါကစ္စတန်နိုင်ငံက ကရာချိအကြမ်းဖက်မှုတွင် သေဆုံးသွားခဲ့သည့်တရုတ်နိုင်ငံသား ဆရာ၊ဆရာမ များအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

အစ္စလာမ်မာဘတ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကရာချိမြို့ရှိ ကွန်ဖြူးရှပ်စာသင်ကျောင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်းသေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား ဆရာဆရာမများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို မေ လ ၁၄ ရက်တွင်ကျင်းပခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတာဝန်ခံ Pang Chunxue က အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ အကြမ်းဖက်တိုက်ခိုက်မှုကိုရှုံ့ချကြောင်းနှင့် သေဆုံးသွားရသူများအတွက် ဝမ်းနည်းကြောင်း ဆိုသည်။

တရုတ်နိုင်ငံသံရုံးတာဝန်ခံ Pang Chunxue က “အခုအသက်ပေးစွန့်သွားရတဲ့ ကျောင်းဆရာဆရာမ ၃ ဦးနဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရာရသူကျောင်းဆရာတစ်ဦး ဟာ သူတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေကို နှစ်မြှုပ်ပြီး နှစ်နိုင်ငံအကြား ခိုင်မာမြဲမြံတဲ့ချစ်ကြည်ရေး နဲ့ အပြန်အလှန်နားလည်မှုတွေကို မြှင့်တင်ပေးဖို့စိတ်အားထက်သန် ခဲ့ကြသူတွေဖြစ်ပါတယ်၊သူတို့ဟာ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား ယဉ်ကျေးမှုရေးရာသံအမတ်တွေဆိုလည်းမမှားပါဘူး၊ သူတို့ရဲ့ မှတ်သားဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို ချစ်ကြည်ရင်းနှီးမှုသမိုင်းမှာ သေချာပေါက် ကဗ္ဗည်းထိုးထားမှာဖြစ်ပါတယ်” ဟုဆိုသည်။

သေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားများကို ဂုဏ်ပြုသောအားဖြင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က နိုင်ငံအနေဖြင့် ၎င်းတို့၏ အနစ်နာခံမှုနှင့်စွန့်လွှတ်မှုများအား လေးစားပါကြောင်း၊ ပါကစ္စတန်နိုင်ငံရှိ တရုတ်လူမျိုးများအတွက် အလုံးစုံဘေးကင်းလုံခြုံမှုနှင့် အမြင့်မားဆုံးသော လုံခြုံရေးကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က“အခု အကြမ်းဖက်မှုဖြစ်စဉ်မှာ အသက်သေဆုံးခဲ့ရသူတွေဟာကျွန်တော့်ရဲ့ ညီမ အရင်းနဲ့သက်တူရွယ်တူလောက်ရှိတာကိုသတိပြုမိပါတယ်၊ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ဒီလို ဆိုးယုတ်တဲ့ လုပ်ရပ်တွေကို အောင်မြင်စေဖို့ခွင့်ပြုပေးမှာမဟုတ်ပါဘူး ၊ ဥပဒေနဲ့ လုံခြုံရေးဆိုင်ရာရှုထောင့်ကရော သံတမန်ရေးရာရှုထောင့်ကရော ကျွန်တော်တို့ဟာ သူတို့ကိုကိုင်တွယ်ဖြေရှင်းမှာပါ၊ နောက်ပြီးကျွန်တော်တို့ဟာ တရုတ်နိုင်ငံက ညီအစ်ကိုတွေနဲ့အတူလက်တွဲပြီး ပါကစ္စတန်မှာနေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အသေအချာ ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုဆိုသည်။

ဧပြီ ၂၆ ရက်တွင် ကရာချိမြို့ရှိကွန်ဖြူးရှပ်တက္ကသိုလ်ကျောင်းကားတစ်စီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ မှ ဆရာဆရာမ ၃ ဦးသေဆုံးခဲ့ပြီး ဆရာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပါကစ္စတန်နိုင်ငံသားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

…………………..

(English Version)
GLOBALink | Pakistan holds memorial service for Chinese teachers killed in Karachi terror attack
ISLAMABAD, May 16 (Xinhua) — The Pakistani Foreign Ministry on Saturday held a memorial service for the Chinese teachers killed in the terrorist attack at the Confucius Institute of the University of Karachi.
Addressing the ceremony, Pang Chunxue, charge d’affaires of the Chinese Embassy in Pakistan, condemned the terror attack and expressed condolences for the deceased.
SOUNDBITE 1 (English): PANG CHUNXUE, Charge d’affaires of the Chinese Embassy in Pakistan
“These three sacrificed and one seriously wounded Chinese teachers have dedicated all their energy and enthusiasm to promoting mutual understanding and the ironclad friendship between our two countries. They are the cultural ambassadors between China and Pakistan. Their remarkable achievements will surely be written into the history of friendship.”
Paying tribute to the Chinese victims, Pakistani Foreign Minister Bilawal Bhutto Zardari said the country salutes their passion and dedication, and pledges complete safety and maximum security for the Chinese nationals in Pakistan.
SOUNDBITE 2 (English): BILAWAL BHUTTO ZARDARI, Pakistani Foreign Minister
“I noted in my remarks just now that the victims of this terrorist attack were almost the same age as my own sisters. And we will never allow these nefarious designs to succeed. We will tackle them, whether it is from a law and security perspective, whether it’s from a diplomatic perspective. And we will work together with our Chinese brothers to ensure the safety of their citizens living here in Pakistan.”
On April 26, an explosion ripped through a shuttle passenger van of the Confucius Institute at the University of Karachi, leaving three Chinese teachers dead, one Chinese teacher injured and causing several Pakistani casualties.
Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.