Connect with us

Videos

တူရကီနိုင်ငံ၌ ငလျင်ကယ်ဆယ်ရေး ကူညီရန် တရုတ်အရပ်ဘက်ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်

ပေကျင်း ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

အကြီးအကျယ် ပျက်စီးခဲ့သည့် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားပြီးနောက် တရုတ်အရပ်ဘက် ကယ်ဆယ်ရေး အဖွဲ့အများအပြားသည် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများဖြင့် ကူညီရန် တူရကီနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။အကျိုးအမြတ်မယူသည့် ကျွမ်းကျင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Blue Sky Rescue(BSR) အဖွဲ့ ပထမအသုတ်တွင် အဖွဲ့ဝင် ၅၀ ဦး ပါဝင်လိုက်ပါသွားခဲ့သည်။
BSR အဖွဲ့သည် တူရကီနိုင်ငံသို့ ဖေဖော်ဝါရီ ၈ ရက်တွင် ရောက်ရှိသွားခဲ့ပြီး ၎င်းတို့အနက် အများစုမှာ နိုင်ငံတကာ ကယ်ဆယ်ရေး အတွေ့အကြုံရှိသူများ ဖြစ်ကြကြောင်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက်တွင် တရုတ်နိုင်ငံ နေရာဒေသအသီးသီးမှ နောက်ထပ် BSR အဖွဲ့ဝင် ၁၂၇ ဦးသည် နိုင်ငံအလယ်ပိုင်း ဝူဟန့်မြို့၌ စုရုံးခဲ့ကြပြီးနောက် တူရကီနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။ ရေဒါ ၊ ဆိုနာရှာဖွေရေးကိရိယာများ နှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အပါအဝင် စက်ပစ္စည်းများအား ၎င်းတို့နှင့်အတူ ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
Blue Sky Rescue(BSR) အဖွဲ့တည်ထောင်သူ ZHANG YONG က “ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေက တော်တော့်ကို အတွေ့အကြုံ ရှိကြပါတယ်။ဒါကြောင့် လူတွေကို ပိုပြီး ကယ်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှ Ramunion ကယ်ဆယ်ရေးအဖွဲ့၏ ကျွမ်းကျင်ပညာရှင် ၈ ဦးသည် လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကာ ငလျင်ဒဏ်သင့်သူများကို ကူညီပံ့ပိုးပေးရန် ဖေဖော်ဝါရီ ၈ ရက်တွင် တူရကီနိုင်ငံ တောင်ပိုင်း Adana မြို့သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

ထိုပြင် ပြည်ပရှိ တရုတ်ကုမ္ပဏီရုံးခွဲများကလည်း အကူအညီများ ပေးလျက် ရှိနေကြသည်။ တရုတ်စက်ယန္တရား အုပ်စုကြီး ဖြစ်သည့် Xuzhou Construction Machinery Group သည် ကယ်ဆယ်ရေး ကြိုးပမ်း အားထုတ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် တူရကီနိုင်ငံရှိ ဒေသတွင်းရုံးခွဲအလုပ်သမားများကို ဆော်ဩစည်းရုံးခဲ့ကြောင်း သိရသည်။ (Xinhua)

———————————-
Chinese civilian efforts intensify to help earthquake rescue in Türkiye
Several Chinese civilian rescue teams have departed for Türkiye to help with rescue efforts following devastating earthquakes.
The first batch of the Blue Sky Rescue (BSR) team, a professional non-profit search-and-rescue organization, consists of 50 members.
They arrived in Türkiye on Wednesday. Many of them have international rescue experience.
On Wednesday, another 127 BSR members from different parts of China assembled in the central Chinese city of Wuhan.
They then departed for Türkiye, bringing with them more devices including radar and sonar life detectors, drones, and emergency medical supplies.
SOUNDBITE (Chinese): ZHANG YONG, Founder of the Blue Sky Rescue (BSR) team
“I think our team members are quite experienced. I hope we could save more people.”
Eight experts of the Rescue Team of Ramunion from China’s Zhejiang arrived in Adana of southern Türkiye on Wednesday to carry out rescue work and provide help to quake-affected victims.
Overseas branches of Chinese companies are also lending a helping hand. Chinese machinery giant Xuzhou Construction Machinery Group has mobilized employees of its local branch in Türkiye to join in the relief efforts.
Xinhua News Agency correspondents reporting from Beijing.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.