Connect with us

Media

တရုတ်နိုင်ငံ ချုံချင့်မြို့၌ မောင်းသူမဲ့ တက္ကစီများက စတင်ပြေးဆွဲ

ချုံချင့် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တောင်ပေါ်မြို့ဖြစ်သော ချုံချုင့်မြို့ရှိ ပြည်သူများအနေဖြင့် ယခုအခါတွင် မောင်းသူမဲ့တက္ကစီများကို ဌားရမ်းစီးနင်းနိုင်ကြပြီ ဖြစ်သည်။
ချုံချင့်မြို့သည် မောင်းသူမဲ့ အငှားယာဉ်များ နှင့် ဘတ်စ်ကားများအတွက် အများပြည်သူသုံးလမ်းမများ ပေါ်ပေါက်လာသည့် တရုတ်နိုင်ငံရှိ ပထမဆုံးမြို့များအနက် တစ်မြို့ဖြစ်သည်။
ချုံချင့်မြို့ ရုန်ချွန်းခရိုင်၏ တာဝန်ရှိသူ XIAO YINGJIE က “ချုံချင့်မြို့ ရုန်ချွန်းခရိုင်က ဧရိယာ ၁,၅၀၀ စတုရန်း ကီလိုမီတာကျော် ရှိပြီး မောင်းသူမဲ့ စမ်းသပ်လမ်းတွေအနေနဲ့ ကီလိုမီတာ ၁,၄၀၀ ခန့် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ မြို့ပြအမြန်လမ်း ၊ မြို့တွင်းလမ်းတွေ ၊ စီးပွားရေးဆိုင်ရာလမ်းတွေ နဲ့ တောင်ပေါ်လမ်းတွေ အပါအဝင် အခြေအနေအမျိုးမျိုးကို ကွဲပြားစွာအသုံးပြုနိုင်ပါတယ်။ မောင်းသူမဲ့ ဝန်ဆောင်မှုတွေက ပြည်သူတွေကို မြို့ရဲ့ အခြေအနေအမျိုးမျိုးမှာ အသုံးချနိုင်စွမ်း ရှိတဲ့ ကောင်းကျိုးကို ခံစားရစေမှာပါ”ဟု ပြောကြားခဲ့သည်။ (Xinhua)
……………………………
(English Version)
GLOBALink | Self-driving taxis put into operation in China’s Chongqing
In China’s “mountain city” Chongqing, residents can now hail a taxi that runs on its own.
Chongqing is one of the first cities in China to open its public roads for self-driving cabs and buses.
SOUNDBITE 1 (English): XIAO YINGJIE, Official in Yongchuan District of Chongqing
“The area of more than 1,500 square kilometers covering Chongqing’s Yongchuan District, about 1,400 kilometers of self-driving test roads have already opened, covering diverse application scenarios including the urban expressway, administrative roads, business district roads and mountain roads. The self-driving services let the citizens feel the city’s ‘intelligent’ welfare.”
Xinhua News Agency correspondents reporting from Chongqing, China.
(XHTV)l