Connect with us

Videos

တရုတ်ပထမဆုံး လေယာဉ်တက္ကစီက ခရီးအကွာအဝေးပျံသန်းမှုအတွက် စံချိန်သစ်တင်

ရှန်ဟိုင်း ၊ မတ် ၇ ရက်(ဆင်ဟွာ)

တရုတ်ပထမဆုံး AutoFlight က ထုတ်လုပ်သည့် ဒေါင်လိုက် ပျံသန်း ၊ ဆင်းသက်နိုင်သည့် (eVTOL) လျှပ်စစ် လေယာဉ်သည် တစ်ကြိမ်အားသွင်းရုံဖြင့် ၂၅၀.၃ ကီလိုမီတာ ပျံသန်းမှုကို မကြာသေးမီက လုပ်ဆောင်ခဲ့ပြီး အလေးချိန်နှစ်တန်ရှိသည့် eVTOL လေယာဉ်အတွက် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ယင်းစမ်းသပ်ပျံသန်းမှုအား တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျိနန်မြို့ရှိ စမ်းသပ်အဆောက်အအုံတစ်ခု၌ ပြုလုပ်ခဲ့ပြီး လေယာဉ်စမ်းသပ်မှုမှာ ၎င်းတို့၏ ထုတ်ကုန် Prosperity ၏ နောက်ဆုံးပေါ်အမျိုးအစား ဖြစ်ကြောင်း သိရသည်။

တစ်နာရီလျှင် အမြင့်ဆုံးမြန်နှုန်း ကီလိုမီတာ ၂၀၀ ကျော်ဖြင့် လူငါးဦးဆံ့သော လေယာဉ်သည် လျှပ်စစ်စွမ်းအားဖြင့် အပြည့်အဝ စွမ်းအင်အသုံးပြုထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————

Chinese start-up’s “air taxi” sets new record for distance flown
An electric vertical takeoff and landing (eVTOL) aircraft made by Chinese start-up AutoFlight has recently completed a 250.3-kilometer flight on a single charge, setting a new world record for two-ton eVTOL aircraft.
The test took place at a testing facility in Jining in east China’s Shandong Province and the aircraft tested was the latest model of its product Prosperity.
With a maximum speed of over 200 kilometers per hour, the five-seat aircraft was fully powered by electricity.
Xinhua News Agency correspondents reporting from Shanghai, China.
(XHTV)