Connect with us

Media

တူရကီနိုင်ငံက ပင်လယ်နက်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ပို့လွှတ်မှု စတင်

အစ္စတန်ဘူလ်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံသည် စွမ်းအင်တင်သွင်းခြင်းအပေါ်အမှီပြုမှုကို လျှော့ချရန် ရည်ရွယ်ထားသည့် အထင်ကရစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပင်လယ်နက်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ပို့လွှတ်မှုအား ဧပြီ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အောက် ၁၇၀ ကီလိုမီတာရှည်လျားသော ပိုက်လိုင်းမှတစ်ဆင့် Sakarya ကမ်းလွန်ရေနံလုပ်ကွက်တွင် ပင်လယ်ရေအောက်အနက် မီတာ ၂,၂၀၀ မှ တင်ပို့သော သဘာဝဓာတ်ငွေ့ကို Zonguldak ပြည်နယ်ရှိ အသစ်တည်ဆောက်ထားသည့် Filyos ကုန်းတွင်းစက်ရုံသို့ ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။

Sakarya လုပ်ကွက်အနေဖြင့် ကနဦး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၀ သန်း ထွက်ရှိမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်ခန့်တွင် ကုဗမီတာ သန်း ၄၀ အထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း တူရကီသမ္မတရုံးက ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

လက်ရှိတွင် တူရကီနိုင်ငံသည် ရုရှားနှင့် အဇာဘိုင်ဂျန် နိုင်ငံများမှ ဓာတ်ငွေ့များကို အများဆုံးတင်သွင်းလျက်ရှိသည်။ Sakarya လုပ်ကွက်သည် စွမ်းအင်သွင်းကုန်အပေါ်အမှီပြုမှုကို လျှော့ချရေးနှင့် တူရကီ၏ စီမံကိန်းအနက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး Filyos စက်ရုံကို အရေးပါသော စွမ်းအင်အချက်အချာဖြစ်လာရေးအတွက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
Türkiye starts delivery of natural gas from Black Sea field
Türkiye on Thursday started the delivery of natural gas from its Black Sea field, as part of its flagship project aimed at reducing the country’s dependence on energy imports.
The gas, shipped from a depth of 2,200 meters at the offshore Sakarya field via a 170-kilometer-long subsea pipeline and through various compression plants, was delivered to the newly constructed Filyos land facility located in the northern Zonguldak province.
The Sakarya field will initially produce 10 million cubic meters of natural gas per day, with an expected rise to 40 million cubic meters by around 2028 at the second stage, the Turkish presidency said in a statement on Thursday.
Currently, Türkiye imports most of its gas from Russia and Azerbaijan. The Sakarya field is part of Türkiye’s plan to reduce its dependence on energy imports and turn Filyos into a significant energy hub.