Connect with us

Media

ရုရှားလွှတ်တော်က ဥရောပရှိ လက်နက်ကိုင်တပ်ဖွဲ့များ သဘောတူစာချုပ်မှ နုတ်ထွက်

မော်စကို ၊ မေ ၁၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ အောက်လွှတ်တော်ဖြစ်သည့် ဒူးမားလွှတ်တော်က ဥရောပရှိ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ်အား တရားဝင်နုတ်ထွက်ခဲ့ကြောင်း လွှတ်တော် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ထုတ်ပြန်သည့် မေ ၁၆ ရက် ကြေညာချက်အရ သိရသည်။

ရုရှားနိုင်ငံသားများ၏ အကျိုးစီးပွားကို လမ်းညွှန်ထိန်းကြောင်းပေးသည့် ဒူးမားလွှတ်တော်၏ ကိုယ်စားလှယ် များက ရုရှားနိုင်ငံ၏ လုံခြုံမှု ရှိစေရေးအတွက် ဥရောပရှိ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒူးမားလွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodin က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်က သဘောတူစာချုပ်မှ နုတ်ထွက်ခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်အား ဒူးမားလွှတ်တော်သို့ မေ ၁၇ ရက်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Russia’s parliament denounces European armed forces treaty
Russia’s lower house of parliament, the State Duma, has formally denounced the Treaty on Conventional Armed Forces in Europe (CFE), according to a statement published on its website Tuesday.
“Deputies of the State Duma, guided by the interests of our citizens, decided to denounce the Treaty on Conventional Armed Forces in Europe to ensure the security of the Russian Federation,” said Chairman of the Russian State Duma Vyacheslav Volodin.
Russian President Vladimir Putin initially submitted a bill to the State Duma on the denunciation of the treaty on Wednesday.
Xinhua News Agency correspondents reporting from Moscow. (XHTV)